24

157 4 0
                                    

မနက်ခင်း၏ နေရောင်ခြည်သည် အနွေးထွေးဆုံးနှင့် အလှပဆုံးဖြစ်သည်။ လင်းက ပထမဦးဆုံး လက်ဖက်ခင်းများဆီ သွားမည်။ ပြီးလျှင် သီဟထံသို့ သွားမည်ဟု စီစဉ်ထားသည်။ ဦးလေးတို့ကတော့ မိုးမလင်းခင်တည်းက ထွက်သွားကြပြီဖြစ်သည်။

"ကိုယ်တို့ စက်ဘီးနဲ့ပဲ သွားမှဖြစ်မယ် အဆင်ပြေလား"

"ပြေပါတယ်"

"ဆိုင်ကယ်က ဖေဖေတို့ ယူသွားပြီ"

"စက်ဘီးနဲ့ပဲ သွားမယ်လေ"

လင်းက သင်တိုင်း အင်္ကျီအဖြူရောင်လေးနှင့် ကြည့်ကောင်းသည်။ ဦး၏ အတွင်းရေးမှူး ဖြစ်နေလျှင်လည်း ဝတ်စုံပြည့်ဖြင့် ကြည့်ကောင်းကာ ရိုးရာဝတ်စုံနှင့် ဆိုလျှင်လား ခန့်ညားမှုက မှေးမှိန်မသွားပါ။

"ရောင်စဉ်က ကိုယ့်ကို အခုနောက်ပိုင်း အရမ်းကြည့်တယ်နော်"

ပေါ်တင်ကြီး ပြောချလိုက်တော့ ကျွန်တော်လည်း ရှက်သွားသည်။ လင်း သတိထားမိလောက်အောင် ကျွန်တော် ကြည့်နေမိပြီလား။

"ဒီအတိုင်းပါပဲ ရိုးရာဝတ်စုံနှင့် ကြည့်ကောင်းလို့ပါ"

"အဲ...ရောင်စဉ်က ကြည့်ကောင်းတယ်လို့ ပြောရင် ရုံးသွားရင်လည်း ဒီလိုပဲ ဝတ်သွားတော့မယ် "

"လင်း...."

လင်းက ကျွန်တော့်ကို စရတာ သိပ်ကြိုက်နေသည် ထင်၏။ အသံလေးများထွက်ကာ ရယ်လိုက်သေးသည်။

စက်ဘီးအဟောင်းလေးကို လေထိုးကာ အိမ်ရှေ့သို့ တွန်းလာခဲ့သည်။ ကျွန်တော်တို့ ယောကျာ်းသားနှစ်ယောက်က စီးမည့် အတွက် သေချာပြင်ဆင်နေသည် ထင်သည်။

"တက်လို့ရပြီ ရောင်စဉ်"

ကျွန်တော် စက်ဘီးပေါ်တက်လိုက်တော့ ကျွန်တော့် မျက်နှာက လင်းနောက်ကျောနှင့် နီးကပ်ကပ်။ စက်ဘီး စီးရတာကိုလည်းကြိုက်သည်။ ဆိုင်ကယ် စီးရတာကိုလည်း သဘောကျသည်။ ကားစီးရသည်နှင့် မတူဘဲ ရွေ့လျားနေသည့် မြင်ကွင်းများကို တဝကြီး ကြည့်ရှုနိုင်သည်။ ပြီးတော့ တစ်စုံတစ်ယောက်၏ ရင်ခုန်သံကိုလည်း ကြားနိုင်သည်လေ။

He is my ExWhere stories live. Discover now