20

186 8 0
                                    

မိုးတိမ်အမည်းများက တလိတ်လိတ်တက်လာပြန်သည်။ နွေဦးရောက်လာပြီ ဖြစ်သော်လည်း မိုးအုံ့လာသည်ကြောင့် အေးစက်စက်။ အတန်းဆင်းပြီဖြစ်သည့် အတွက် အားလုံးက သုတ်သုတ်ပြာပြာပြန်သွားကြပြီ။

သီဟက ကျွန်တော့်ကို သူနှင့်အတူလိုက်လာရန် ခေါ်သော်လည်း ငြင်းလိုက်မိသည်။ လင်း ကနည်းနည်းနောက်ကျနေတာ ဖြစ်မှာပါ။

ကျွန်တော် လေးလံသည့် ခြေလှမ်းများကို တစ်လှမ်းခြင်း လျှောက်လှမ်းနေသည်။ အာရုံများကလည်း သိသိသာသာ ပြန့်လွင့်လာပြီ။

ခပ်ကြမ်းကြမ်းတိုက်သွားသည့် လေပြင်းများ၊ မိုးအော်သံနှင့်အတူ တဖွဲဖွဲကျလာသည့် မိုးပေါက်များ၊ မိုးပေါက်များက ပုံမှန်ထက်ကြီးသည့် အတွက် အသံများက ဆူညံနေသည်။ မိုးရာသီမဟုတ်သည့်အတွက် ထီးယူသည့် အလေ့အထလည်း မရှိ။ ကျောင်းဝတ်စုံ ပါးပါးလေးနှင့် ကျွန်တော် ချမ်းခိုက်တုန်နေသည်။

တက္ကသိုလ်တစ်ခုလုံးတွင် ကျွန်တော် တစ်ယောက်တည်းသာ ကျန်ခဲ့ပြီ ထင်သည်။ ဤခံစားချက်က တစ်စုံတစ်ဦးကို လွမ်းမိသည်။ ကျွန်တော့်ကို တစ်ယောက်ယောက် လှမ်းခေါ်ရန် ဆုတောင်းမိသည်။ ဒါပေမယ့် ဘယ်သူမှ မရှိ။

ကားစက်သံ ကြားမိသော်လည်း ကျွန်တော် မလှည့်ကြည့်ဖြစ်။ မိုးရေစက်များနှင့်အတူ ကျွန်တော်​့ မျက်ရည်များ ကျဆင်းလာသည်။ ကျွန်တော် သတိမရချင်ဘူး ကိုသက်၊

တောင်ကြီးမှာ မိုးရွာသော်လည်း၊ ကိုသက်ရှိနေသည့် ဒေသတွင် နေပူနေလိမ့်မည်။ သို့မဟုတ် မိုးရွာနေလိမ့်မည် ထင်သည်။
ကျွန်တော့်ကိုတော့ သတိရနေလိမ့်မည် မဟုတ်ဘူးဟု ထင်သည်။

ရောင်စဥ်....ကားစက်ရပ်သွားသံနှင့် အတူ ကျွန်တော်နာမည်ကို အော်ခေါ်နေသည့် အသံ။ သို့သော် ကျွန်တော် မလှည့်ကြည့်ဖြစ်။ ကျွန်တော့် ကမ္ဘာကြီးတွင်သာ ကျွန်တော် လေးလံသည့် ခြေလှမ်းများနှင့် လျှောက်လှမ်းနေဆဲ။

တစ်ယောက်ယောက်က သိုင်းဖက်လိုက်သည့် အခါမှသာ သတိပြန်ကပ်လာသည်။

"ရောင်စဥ် ကိုယ်ခေါ်နေတာ ကြားလား၊ ဘာကြောင့် တစ်ယောက်ထဲ လျှောက်သွားနေတာလဲ "

He is my ExWhere stories live. Discover now