23

161 5 0
                                    

လင်း၏မွေးနေ့

ကိတ်မုန့်ဆိုင်မှယူလာခဲ့သည့် မွေးနေ့ကိတ်ကို ကြည့်ပြီး ကျွန်တော်ပြုံးမိသည်။ လင်းအကြိုက် ဖြစ်ရဲ့လား မသိသော်လည်း ကျွန်တော်သဘောကျမိသည်။

စတော်ဘယ်ရီသီးလေးများနှင့် အလှဆင်ထားသည်က တကယ်ချစ်စရာကောင်းသည်။
26th...လင်းက ကျွန်တော့်ထက် အသက်အများကြီးကြီးတာပဲ။

လင်းတို့ မိသားစုက တကယ်ချစ်စရာကောင်းသည်။ မွေးနေ့မနက်ခင်းတွင် အရုဏ်ဆွမ်းကပ်သည်။ နေ့လည်ခင်းတွင် ရှမ်းခေါက်ဆွဲစားကြမည်။ ​အိမ်နီးချင်းများကိုလည်း ဝေငှကြမည်ဖြစ်ကြောင်း လင်းက ပြောပြသည်။

ကျွန်တော် ကိတ်မုန့်ယူပြီး ပြန်လာတော့ လင်းက အိမ်နီးနားချင်းများအတွက် မုန့်များ ပြင်ဆင်နေပြီ။ ပင်နီအင်္ကျီဝတ်ထားသည့် လင်း ကျွန်တော် အကြည့်မလွှဲနိုင်။ ကိတ်မုန့်ပင် လွှတ်ကျချင်ချင်ဖြစ်လာသည်။

"ကိုယ် အရမ်းချောနေတာလား "

လင်း သတိပေးမှ အသိစိတ်ပြန်ကပ်လာတော့သည်။ အစက လင်းတစ်ယောက်တည်းကိုသာ မြင်သော်လည်း အငယ်ဆုံးလေးမှ အစ ပျာပန်းခတ်အောင် ကူညီပေးနေသည့် အတွက် မနေတတ်တော့။ ကိတ်မုန့်ကို အသာချကာ ဦးလေးတို့ထံသွားလိုက်သည်။

မုန့်ဖတ်များနှင့် ဟင်းရည်များကို ပန်းကန်ထဲထည့်ထားသည်။ တစ်ချို့ကို ချိုင့်နှင့် ထည့်ထားသည်။ ကျွန်တော် မုန့်ဖတ်များကူထည့်ပေးရန် လုပ်တော့ ဒေါ်လေးက တားသည်။

"ရောင်စဉ် ရတယ် ဒေါ်လေးလုပ်မယ်"

"မဟုတ်ဘူး ကျွန်တော်လည်း လုပ်ကူချင်လို့ပါ"

ဒေါ်လေး၏ အပြုံးကို ကျွန်တော်မြင်ရတော့ စိတ်ချမ်းသာသည်။

လင်းက အိမ်နီးချင်းများကို သွားပို့ရန် ပြင်ဆင်နေပြီ။

"သား...ဒီပန်းကန်နဲ့က ရတီတို့ အိမ်ကို ပို့လိုက်ပါနော်"

"ဟုတ်"

လင်းက သူသွားလေရာတွင် ကျွန်တော့်ကို ခေါ်သွားရန်လည်း မမေ့ခဲ့။ လက်တစ်ဖက်မှ မုန့်ဖတ်များကို ကိုင်ကာ နောက်တစ်ဖက်က ကျွန်တော့်လက်ကို ကိုင်သည်။

He is my ExWhere stories live. Discover now