6

230 10 0
                                    

လူမရှိသည့် ဆိုင်သည် အရမ်းပျင်းစရာကောင်းသည်။ ယနေ့ဘာကြောင့် ဧည့်သည် နည်းနေသည်လည်း မသိပါ။

စားပွဲတစ်ခုပေါ်တွင် ကျွန်တော် မေးထောက်ပြီး ပျင်းရိစွာ ထိုင်နေမိသည်။

"ဘယ်မှာလဲ"

သက်တံ့ ဆီမှ message ဝင်လာသည့် အတွက် တစ်ချက်ကြည့်မိလိုက်သည်။

"ကိတ်မုန့်ဆိုင်မှာ...."

"အိမ်မပြန်သေးဘူးလား..."

"စော သေးတယ်...ပြီးတော့ ဒီနေ့ လူနည်းတယ်လေ "

"ငါလာခဲ့မယ်...."

သက်တံ့လာမည်ဆိုတော့ ကျွန်တော် နှုတ်ခမ်းတွေ အနည်းငယ် တွန့်ကွေးသွားပါသည်။
သူက ကျွန်တော် ထင်ထားသိလို အမြဲတမ်း အနိုင်ယူနေသူ မဟုတ်ပါ။ အခုနောက်ပိုင်း စကားပြောရတာလည်း အဆင်ပြေလာသည်။ ယခင်ကလို နားကြားပြင်းကတ်စရာများ သိပ်မပြောတော့။

သက်တံ့ ကျွန်တော့် အနားမှာကပ်နေသည်ကို အမှန်တိုင်း မဝန်ခံချင်သော်လည်း တကယ်ကြိုက်သည်။ ကျွန်တော့် အနားရှိလာလျှင် ကမ္ဘာကြီးက အရောင်အသွေး စုံလင်လာသည်။ သူဝင်ခွင့် မတောင်းခင်တည်းက သက်တံ့အတွက် တစ်နေရာစာက အမြဲတမ်း လွတ်နေပြီးသား။

ကျွန်တော်က ငုဝါလှိုင်ကို ကြိုက်နေသည်ဟု ထင်နေသူကို အရမ်းအံဩမိပါသည်။ ကျွန်တော်တို့က အထက်တန်းတည်းက ပေါင်းလာသည့် သူငယ်ချင်း သက်သက်သာ ဖြစ်သည်။

မဟုတ်မှ လှိုင်ကို မရနိုင်၍ ကျွန်တော့်ကိုများ လိုက်နေလေသလား။ ငါးမရလျှင် ရေချိုးမည်ဟုများ စဥ်းစားထားလေသလား။

သက်တံ့ ကျွန်တော် ဘဝထဲကို ခေါ်ဝင်ချင်သော်လည်း သူနဲ့ ပတ်သတ်လာလျှင် ဖင်တကြွကြွ ရင်တမမ ဖြစ်ကာ ဒွိဟ ဖြစ်စရာချည်း တန်းစီနေသည်။

ဆိုင်အတွင်းသို့ အမျိုးသမီး တစ်ဦးဝင်လာသည့် အတွက် ကြိုဆိုလိုက်မိသည်။

"အစ်မ မင်္ဂလာပါ ဘာများသုံးဆောင်ချင်လဲ မသိဘူး "

ဝယ်သူ အစ်မက စားပွဲမှာပင် မထိုင်တော့

"ဒီဆိုင်က ကိတ်မုန့်တွေ အားလုံးထုတ်ပေးပါ"

ဆိုင်မှာ ဒီလို အကုန်လုံး ဝယ်သွားသူကို မကြုံဖူးသေးသည့် အတွက် ခဏ ​ကြောင်နေမိသည်။

He is my ExWhere stories live. Discover now