30

174 5 0
                                    

တိတ်ဆိတ်ညင်သာနေသည့် တိုက်ခန်းကလေး။ မြို့ထဲတွင် ရှိပြီး ဈေးနှင့်လည်း နီးသည်။ ကိုသက်တို့၏ ကုမ္ပဏီနှင့် လည်း နီးသည်။ ဦးက ဤမြို့တွင် အမြဲနေသူ မဟုတ်သော်လည်း နေချင့်စဖွယ် အခန်းလေး ပိုင်ဆိုင်ထားသည်ကတော့ အထူးအဆန်း မဟုတ်တော့။

"ဦးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါ့လား"

အပြုံး မမည်သော အပြုံး တစ်ခုကို ဖန်တီးမိလိုက်သည်။ လင်းကတော့ ကျွန်တော်တို့ နှစ်ယောက် စကားပြောနေစဉ် ဘေးနားတွင်သာ ရပ်နေပါသည်။ ဘာမှလည်း ဝင်မပြော။ ယနေ့ပြောမည့် စကားလုံးများကို လင်းအား မကြားစေချင်။

"လင်း ကျွန်တော် အတွက် ကော်ဖီသွားဝယ်ပေးပါလား"

"ဘာ အရသာ ဝယ်ခဲ့ရမလဲ"

"လင်း အဆင်ပြေတာပဲ ဝယ်ခဲ့ပါ"

လင်း အခန်းထဲက ထွက်သွားချိန်တွင် အနည်းငယ် စိတ်သက်သာရသွားသည်။

"အလုပ်ရော အဆင်ပြေလား"

"​ပြေသလား ဆိုတော့ အစအဆုံး လင်း အကုန်လုပ်သွားတာပဲ လင်းကအရမ်း တော်တယ်လေ"

"သား တခြားကိစ္စဘာပြောချင်တာရှိသေးလဲ"

ကျွန်တော်က ခန့်မှန်းက လွယ်သည့် လူတစ်ယောက်ဖြစ်နေ၍ ထင်သည်။ တခြားပြောစရာ ရှိကြောင်း သိနေသည်ကို ရိပ်မိနေသည်။

"ဘာကြောင့် မေမေ့ကို ပစ်ထားနိုင်ခဲ့ရတာလဲ"

အခန်းထဲက အခြေအနေသည် ယုတ်ချည်း အေးစက်သွားသည်။ ဦး၏ မျက်နှာသညခလည်း တည်တင်းသွားပါသည်။

"အဲ့သည် အချိန်တုန်းကတော့ ဦး...ဖေဖေမှားခဲ့တယ် ဆိုတာ သိပါတယ်၊ ဖေဖေ အကြိမ်ကြိမ်တောင်းပန်ခဲ့တယ်၊ သားနဲ့ တွေ့ဖို့ အမြဲကြိုးစားခဲ့တာလည်း သားသိပါတယ်"

"ဦးက တောင်းပန်ပေမယ့် မေမေက အခုထိ ခွင့်မလွတ်သေးတာ သိတယ် မဟုတ်လား"

၂၄နှစ်ကျော်လောက်မှ တွေ့ဖူးသည့် လူတစ်ယောက်ကို ဖေဖေဟု ချက်ချင်းခေါ်ရန် အဆင်မပြေသေးပေ။ ဖေဖေဆိုတာကြီးဟာ ကျွန်တော့်ဘဝမှာ နည်းနည်းလေးတောင် မပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုပဲ။

He is my ExWhere stories live. Discover now