5

233 12 0
                                    

အိပ်ခန်းက ပူလာသည်ဟု ခံစားရသည့် အတွက် ခဏထထိုင်လိုက်သည်။ ခေါင်းအုံးက ပူနေသည့် ထင်သည့် အတွက် ဘက်လှည့်လိုက်ပြန်သည်။

ဘန်နီဖြိုး၏ ချိုသာသော သီချင်းသံလေးနှင့် အတူ အိပ်စက်ရန် ကြိုးစားကြည့်သည်။ သို့သော် သီချင်းတိုင်းက ကျွန်တော့် အတွက် ရေးထားသလို ခံစားနေရပြန်သည်။

မျက်လုံးက ပင်ပန်းလွန်းသည့် အတွက် ကြိမ်းစက်နေပြီ။ ကြိုးစားပြီး စိတ်ကို တည်ငြိမ်အောင် ထားသော်လည်း မအောင်မြင်...

"ငယ့်အနားကပ်လာလေလေ ပိုသေချာလာလေပဲ...."

သက်တံ့ပြောသွားတာက တစ်ခါတည်းဖြစ်သော်လည်း ကျွန်တော် မရေမတွက်နိုင်လောက်အောင် ကြားပြီးနေပြီ။

ဟာသတစ်ပုဒ်လို လှောင််ရယ်ပစ်လိုက်သည့် သော်လည်း ကျွန်တော့်နှလုံးသား အကြိမ်ကြိမ်ငြင်းဆိုနေသည်။

ည၁၂နာရီ ထိုးနေပြီ....

ကျွန်တော် ဦးနှောက်ခြောက်နေ၍ အိပ်မပျော်နိုင်တာ ဖြစ်လောက်သည်။ ရေတစ်ခွက် သောက်လိုက်သော်လည်း မအိပ်ချင်လာသေး။

ဘာကြောင့် သက်တံ့နဲ့ ပတ်သတ်လျှင် ကျွန်တော် အကြောင်းမဲ့ တွေးတောနေပါသနည်း။ ခါတိုင်း သာမန်စကားတစ်ခွန်းလို ကျော်သွားရန် ကြိုးစားလိုက်ချင်သည်။

အား...ဘာလို့မရရတာလဲ....

ကျွန်တော် မသိလိုက်ခင်မှာပဲ သက်တံ့ဟာ ကျွန်တော့် အတွေးများထဲတွင် နေရာ ယူထားသူ ဖြစ်နေလေပြီ.........

-------------

"Twinkle Twinkle little star "

Alarm များ ​မြည်နေသလား.....

ကျွန်တော်က alarm မမြည်ခင် ထတတ်သူ ဖြစ်သည်။ အိပ်ယာဝင် ​နောက်ကျသွားလို့ ဒီနေ့ မြည်လာသည် ထင်သည်။

မျက်လုံးနှစ်ဖက်ကို အသာအယာပွတ်ပြီး ကြည့်မိသည်။

အော် ဖုန်းလာနေသည်ပဲ ကျွန်တော် မသိသည့် နံပါတ်စိမ်း တစ်ခု....

"ဟဲလို..."

"ငယ်....ထတော့လေ အတန်းနောက်ကျတော့မယ် "

ကျွန်တော် ခုနက မနိုးသေးသော်လည်း အခုတော့ မျက်လုံးပြူးကျယ်သွားသည်။ သေချာပေါက် သက်တံပဲ။

He is my ExWhere stories live. Discover now