11

195 8 0
                                    

"ဘာကြောင့် ခေါင်းကို ရေသေချာမသုတ်တာလဲ "

ကျွန်တော် အင်္ကျီလဲ ပြီးသည်နှင့် ဖုန်းကို ကောက်ကိုင်ကာ ရှာဖွေတော့သည်။ ချောင်းသာမှာ ဘယ်တွေကို သွားသင့်သေးလည်း၊ ကျွန်တော်၏ semester break ကို အကျိုးအရှိဆုံးနှင့် အလေအလွင့်မရှိအောင် အသုံးချပစ်မည်။

"ခြောက်သွားမှာပဲကို"

ကျွန်တော်က ပေကတ်နေတော့ မနေနိုင်သူက ဝင်သုတ်ပေးရပြန်သည်။ သက်တံ့ လက်လေးများက ယုယုယယ။

"နာသွားရင် ပြောနော်..."

"အွန်း..."

သက်တံ့ ရေသုတ်ပေးနေတာက အရမ်းခံစားရကောင်းသည်။

"သဲဖြူကျွန်း သွားသင့်တယ်တဲ့ "

သက်တံ့က မတုံ့ပြန်လာ။ ဆံပင်ကို သုတ်ပေးနေတာကို ခဏရပ်ကာ ကျွန်တော့် လည်တိုင်ကို ခပ်ဖွဖွလာနမ်းသည့် အတွက် ကြက်သီးများထလာသည်။

"ကိုသက် ငယ်ပြောတာကြားလား "

"အွန်း နက်ဖြန်သွားမယ်လေ"

ပါးစပ်က အွန်းနေသော်လည်း လက်များက အင်္ကျီအောက်ထဲရောက်နေပြီ။ အရမ်းအရမ်းသာယာနေသော်လည်း ကိုသက်လက်များကိုအတင်းမောင်းထုတ်လိုက်မိသည်။

"ညနေစာ စားချိန်ရောက်ပြီ"

ကျွန်တော် အရင်ထသွားကာ ဘာစားရမလဲ အရင်စဥ်းစားလိုက်သည်။

"ကဏာန်းလား၊ ကင်းမွန်လား ရေဘဝဲလည်း ကောင်းတာပဲလေ"

သက်တံ့ ဘယ်လို ပုံနှင့် ကျန်ခဲ့မည်လည်း မသိ။ သေချာတာက သူ့ပုံစံက နည်းနည်း ရယ်စရာကောင်းနေလောက်သည်။

-----------------

အဖြူရောင် အစအရှည်များက တလွင့်လွင့်။ လေတိုက်သံ လှိုင်းခတ်သံများနှင့် တေးသီချင်းဆိုနေသည့် ပင်လယ်ကြီးကိုလည်း တွေ့နေရသည်။ ညဘက်မို့ ပင်လယ်ကြီးက အနက်ရောင်ကြီး ဖြစ်နေသည်။ လေအေးလေးများက တိုက်ခတ်ကာ ကျွန်တော့် ပါးပြင်ကို ကျီစယ်နေတော့ ရယ်ဖြစ်လိုက်သေးသည်။ အရမ်းစားကောင်းမည့် ပင်လယ်စာတွေကလည်း အနံ့သင်းပျံ့စွာ မြှူစွယ်နေကြသည်။

He is my ExWhere stories live. Discover now