10

195 7 0
                                    

သက်တံ့ ကျွန်တော့်အိမ် ရောက်လာသည့် ဒုတိယ အကြိမ်။ မေမေ့ကို နှုတ်ဆက်ကာ ကျွန်တော်ယူသွားမည့် ပစ္စည်းများကို ကားပေါ် ကူတင်ပေးနေသည်။

မနက်၇နာရီ စောစောသွားမှ စောစောရောက်မည်လေ။

"ရောင်စဥ် ပစ္စည်းတွေက မနည်းဘူးလား "

သက်တံ့က ကျွန်တော်နှင့် နှစ်ဦးတည်း အတူတူရှိနေမှသာ ငယ်ဟုခေါ်တတ်သည်။ ငယ်ဟုခေါ်နေလျှင်လည်း ကျွန်တော် စိတ်ဆိုးသည်လေ။

၂ညအိပ်  ၃ရက် ခရီးကို ဘာကြောင့် ပစ္စည်းအများကြီး လိုမည်နည်း။ ကျောပိုးအိတ်တစ်လုံးနှင့်ပင် အဆင်ပြေနေပြီလေ။

"မနည်းဘူးလေ "

"ကျွန်တော်တို့ သူငယ်ချင်းတွေက နောက်မှလိုက်လာမှာ"

ကျွန်တော်တို့ နှစ်​ယောက်တည်း မဟုတ်ကြောင်း မေမေသိအောင် ပြောပြနေသေးသည်။ မေမေက စစ်မေးနေသည်မဟုတ်ဘဲ မရိုးရှင်းသည့် ကျွန်တော်တို့ ဆက်ဆံရေးကြောင့် သူ့ဘာသာ စိတ်မချဖြစ်နေပြီထင်သည်။

"ရောင်စဥ် ပစ္စည်းတွေ စုံပြီလား "

"အွန်း....."

"ဒါဆို ဒေါ်လေး ကျွန်တော်တို့ သွားပါဦးမယ်"

"ဟိုရောက်တာနဲ့ ဖုန်းဆက်လိုက်ပါ့မယ် "

သက်တံ့၏ ကားကလေးက ကျွန်တော်တို့ အိမ်လမ်းကြားလေးမှ တလိမ့်လိမ့် ထွက်ခွာလာသည်။

စာမေးပွဲပြီးသွားပြီး ၂ရက်အကြာတွင် ခရီးထွက်ရန်ပြင်ဆင်လိုက်ကြခြင်းပင်။ စာမေးပွဲ မရှိတော့သည့် ကျွန်တော်တို့ အတွက်တော့ နတ်ပြည်တက်ရသည်ထက် သာယာသည်။ အေးအေးလူလူ ကိုယ့်ဆန္ဒလေးကိုယ် ဖြည့်ဆည်းပေးရင်း စိတ်ကို အနားပေးလိုက်မိသည် က ဘာနှင့်မျှမလဲနိုင်သည်​့ ပျော်ရွှင်မှုတစ်ခု။

ကျွန်တော်တို့ ချောင်းသာကမ်းခြေသွားရန် စိတ်ကူးထားသည်။ ချောင်းသာက ရန်ကုန်နှင့် အနီးဆုံး ကမ်းခြေတစ်ခု။ လူစည်ကားပြီး ပင်လယ်စာကလည်း စားကောင်းသည် ဟုကြားဖူးသည်။ သက်တံ​့ ပင်လယ်စာ မစားသည်​့ အုန်းရည်ပဲ သောက်ခိုင်းရမည်ဟု တွေးရင်း ပြုံးမိသေးသည်။

He is my ExWhere stories live. Discover now