3

282 10 0
                                    

ကျောင်းသား၊ကျောင်းသူများနှင့် သာယာစည်ကားနေသည့် ကန်တင်း...

ကျွန်တော့်စားပွဲဝိုင်းတွင် ကျွန်တော် တစ်​ယောက်တည်းသာ ရှိသည်။

ထမင်းကြော်တစ်ပွဲနှင့် ပဲနို့တစ်ဘူးသာ စားပွဲပေါ်တွင် ရှိသည်။ assigment ပြီးသွားတော့ ကျွန်တော်တို့ နောက်ထပ် သိပ်မတွေ့ဖြစ်ကြတော့။ ငုဝါလှိုင်ကလည်း ထုံးစံအတိုင်း ဝဏ္ဏနှင့် အတူ ပျောက်နေသည်။ သက်တံကတော့....

ကျွန်တော် တွေးနေစဥ် ထမင်းကြော်တစ်ချပ်အရှေ့သို့ ရောက်လာသည်။ ကျွန်တော် မော့ကြည့်မိတော့ ဆံပင်မကျသည့် နဖူးပေါ်က ခပ်နက်နက် မျက်ခုံးမွှေးတစ်စုံ...အပြုံးအရယ်မရှိသည့် နှုတ်ခမ်းတစ်ခု....

"လူရှိလား...."

အေးစက်စက် အသံတစ်ခု...

"မရှိပါဘူး....မင်းက ထမင်းလာစားတာလား "

ကျွန်တော် သက်တံ့ကို မေးကြည့်မိသည်။

သက်တံ့မျက်နှာမှဲ့သွားပြီး

"မင်းက ငါ့ကို လူထူးဆန်းကြီး လို့ပဲ ထင်နေတာလား၊ ငါက ဘာမှမစားတတ်တော့ဘဲ နတ်ဩဇာတွေနဲ့ ပဲ ပြည့်နေမယ် ထင်တာလား "

ကျွန်တော်တို့ ရင်းနှီးသွားခဲ့ပြီ ထင်မှတ်ခဲ့သော်လည်း လေသံကတော့ မပြောင်းသွားသေး...အိမ်တွင် ထမင်းလာစားစဥ်က ပြုံးနေသူမှာ သက်တံ့ဟုတ်ပါရဲ့လား.....

"မင်း ခနဲ့ တဲ့ အသံနဲ့ မပြောလို့ ရမလား "

မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး သူ့ကိုမပြောသလို စားသောက်နေသည်။

"ဒါက ငါ့ပုံမှန်လေသံ ပဲလေ "

"ေအာ်..."

ကျွန်တော် မအားသေးတာကြောင့် ထမင်း အမြန်စားလိုက်မိသည်။

"ဘာလဲ ကျားလိုက်သလို စားနေတာ...."

"ငါ လုပ်စရာရှိသေးတယ် "

"ဘာကိုလဲ...."

"ပြောစရာလား "

ကျွန်တော် အမြန်စားပြီး ဆိုင်ကယ်စတင်း ဘက်သို့ ပြေးလာမိသည်။

ငုဝါလှိုင်ရဲ့ မွေးနေ့အတွက် ကိတ်မုန့်လုပ်ပေးရဦးမယ်လေ.....

He is my ExWhere stories live. Discover now