17

171 7 0
                                    

အပြာရောင်ကောင်းကင်၊ မိုးတိမ်တောင်က ဝါဂွမ်းပုံကြီးနှင့် တူညီစွာ ဖြူစွတ်နေသည်။
လေယာဥ်ပျံတစ်စင်းက ကျယ်ပြောသော တိမ်သမုဒ္ဒရာကြီးထဲတွင် တရွေ့ရွေ့ကူးခတ် သွားလာနေသည်။

ယုဇနပန်း၏ ရနံ့က သင်းပျံ့ပျံ့....လိပ်ပြာလေးများကလည်း အနားမှာ ဝဲနေကာ လှပသည့် ပန်းချီကားတစ်ချပ်ဖြစ်အောင် ထပ်မံဖြည့်စွက်ပေးနေသည်။

အခန်းထဲမှာ နေရတာက အရမ်းငြီးငွေ့စရာ ကောင်းသည့် အတွက် ဆေးရုံအောက်သို့ ဆင်းခဲ့ခြင်း။ အခန်းထဲတွင် ကျွန်တော်တစ်ဦးတည်း ရှိကာ တိတ်ဆိတ်သော်လည်း အပြင်ဘက်တွင်မူ ကလေးများ၏ ဆော့ကစားနေပုံ၊ မိဘများ၏ ကြည်လင်သော အပြုံး၊ ဂျူတီကုတ်များဖြင့် သွက်လက်စွာ သွားလာလှုပ်ရှားနေကြသည့် ဆရာဝန်၊ ဆရာမများ။

ဆေးရုံဆိုသည်မှာ အသုဘများသာ ကျင်းပသော နေရာတစ်ခုမဟုတ်၊ ငိုကြွေးသံ ညီးညူစရာများနှင့်သာ ပြည့်နှက်နေမည်ဟု ထင်ခဲ့ဖူးသည်။ ယခုမူ အတွေးအမြင်က အနည်းငယ် ပြောင်းလဲလာပါသည်။

လူနာများ၏ ရုပ်ပိုင်းဆိိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ကုသပေးရာ နေရာတစ်ခု ဖြစ်သည်။ ကျွန်တော့်၏ စိတ်ပိုင်းဆိုင်ရာကိုတော့ ကုသပေးနိုင်မည် မဟုတ်ပေမဲ့ပေါ့။

ကျွန်တော် အနည်းငယ် စိတ်ကြည်လင်တာတော့ အမှန်ပင်။ ကျွန်တော် လမ်းအနည်းငယ်လျှောက်လာနိုင်ပြီဖြစ်သော်လည်း လင်းက ခွင့်မပြု။ ကျောက်ပတ်တီးကလည်း ၄၅ရက်နေမှ ဖြည်ရမည်။ အခုတော့ လင်းက ကျွန်တော့်ကို Wheel chair ပေါ်တွင်သာ အခန့်သားထိုင်ခိုင်းစေသည်။

မြက်ခင်း စိမ်းနုနုလေးများပေါ်သို့ ကျွန်တော် ခြေထောက်ချထားမိသည်။ လေတဖြူးဖြူးတိုက်ခတ်လာကာ ကျွန်တော့်နဖူးပြင်တွင် ပြန့်ကျဲနေသည့် ဆံပင်များ လှုပ်ခတ်သွားသည်ကိုလည်း သဘောကျသည်။ ကျွန်တော် ပတ်တီးဖြည်လိုက်ရပြီလေ။

"ဥက္ကဌကြီး "

လင်းက အရိုအသေပေးလိုက်တော့ ကျွန်တော်လည်း သမင်လည်ပြန်ကြည့်မိသည်။ ဦးက ကျွန်တော့်ဆီသို့ တန်းတန်းမတ်မတ်ရောက်လာသည်။

He is my ExWhere stories live. Discover now