25

161 6 0
                                    

တက္ကသိုလ်ကြီးသည် ပုံမှန်ထက် စည်ကားနေသည်။ ခါတိုင်းတွင် လူမပြတ်သော်လည်း ဘွဲ့နှင်းသဘင်ရှိသည့် ယခုနေ့က သာ၍ စည်ကားနေသည်။ အရောင်အသွေး စုံလင်စွာလှပနေသည့် လိပ်ပြာလေးများ၊ အတောင်စုံသွားသည့် ငှက်ငယ်လေးများကို တွေ့ရှိနေရသည်။မိတ်ကပ်ဆရာများနှင့် မိုးမလင်းခင်တည်းက ထပြင်ခဲ့သည့် သူများလည်း ပါလိမ့်မည်။ အရိုးရှင်းဆုံးနှင့် ခမ်းနားနေသူတစ်ချို့လည်း ရှိသည်။ ဓာတ်ပုံဆရာများစွာ၏ အလုပ်အများဆုံး အချိန်တစ်ခုလည်း ဖြစ်လိမ့်မည်။

ဘွဲ့နှင်းသဘင် ခန်းမကြီးအတွင်း၌ ဘွဲ့ဝတ်စုံ၊ ဦးထုပ်များဖြင့် ကျက်သရေရှိလှသည်။ ခန်းမကြီးသည်လည်း သူ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေသည့် အတွက် ကျက်သရေရှိလွန်းလှသည်။

မိဘများနှင့် တက်ရောက်လာသူများရှိသကဲ့သို့ မိဘမပါသည့် ကျွန်တော့်လို လူများလည်း ရှိပေလိမ့်မည်။ အချိန်ခဏလေးဟု ထင်ရသော်လည်း ကျွန်တော် တောင်ကြီးမြေကို ခွဲခွာရတော့မည်။

သီဟ၏ မိဘနှစ်ပါးကလည်း ကျွန်တော်မြင်ဖူးခဲ့သူများနှင့် မတူတော့။ သားတော်မောင် ဘွဲ့ယူတော့မည်ဖြစ်၍ မင်းသား၊ မင်းသမီး ရှုံးအောင် ပြင်ထားကြသော်လည်း ရိုးရာဝတ်စုံအသစ်များကို သာ ဝတ်ထားကြသည်။

ကျွန်တော့်တွင် မိဘမပါသော်လည်း အုပ်ထိန်းသူ ရှိပါသည်။ ဦးက ကျွန်တော်ထက် ပိုပျော်နေသည်လား မသိ။ လူကြီးလူကောင်း တစ်ယောက်အဖြစ် ကျွန်တော့်ဘေးတွင် ရပ်ပေးနေတော့လည်း ဝမ်းနည်းမှု ပြေပျောက်ရသည်။

ကျွန်တော် ဘွဲ့ယူသည့် အခမ်းအနားကို အကြိမ်ကြိမ်စိတ်ကူးယဥ်ဖူးသည်။ ကျွန်တော့်ဘေးတွင် မေမေက အလှဆုံးလူတစ်ယောက် ဖြစ်နေလိမ့်မည်။ ကိုသက်နှင့် ဓာတ်ပုံများစွာ ရိုက်မည်။ လှိုင်နှင့် ဝဏ္ဏတို့၏ မနာလိုစရာကောင်းလောက်အောင် ရိုမန်တစ်ဆန်မှုများကို တွေ့ရလိမ့်မည်။ အနာဂတ်အကြောင်း ပြောကြမည်။ သို့မဟုတ် ဝဏ္ဏတို့၏ မင်္ဂလာပွဲအကြောင်း တိုင်ပင်ကြလိမ့်မည်ဟု တွေးခဲ့ဖူးသော်လည်း။ အရာအားလုံးက ဆန့်ကျင်ဘက်။

မေမေလည်း မရှိနေသလို။ ကျွန်တော့် သူငယ်ချင်းများနှင့် ကိုသက်လည်း ရှိမနေခဲ့။
သူတို့၃ယောက်ရော ကျွန်တော်မရှိသည့် မြို့တွင် ဘွဲ့နှင်းသဘင်ကို ပျော်ရွှင်စွာ ကျင်းပနေမည်လား။

He is my ExWhere stories live. Discover now