16

174 7 0
                                    

"ငယ် ကိုယ့်ကို တကယ်ထားခဲ့တော့မှာလား "

ကိုသက်က  ကွဲအက်သော အသံဖြင့် ဆိုလာသည်။ မျက်လုံးထောင့်တွင်လည်း ကျွန်တော်အကြိမ်တိုင်း မြင်နေရသည့် မျက်ရည်စများ။

မျက်တွင်းများကလည်း ဟောက်ကာ မည်းနက်နေသည်။ နှုတ်ခမ်းကလည်း ထမင်းမစားထားသည့် အလားဖြူဖျော့နေသည်။ကျွန်တော် နမ်းခဲ့ဖူးသည့် အနီရောင် နှုတ်ခမ်းထူထူလေးသည် အသက်မဲ့သွားလေပြီ။

လေကတဖြူးဖြူး တိုက်ခတ်နေကာ ကိုသက် ဆံပင်လေးများကလည်း လေထဲလွင့်မြောနေသည်။

တမာပင်ကြီးကလည်း လေတိုက်သည့် အတွက် ယိမ်းခါနေသည်။ တမာပင်ကြီးသည် အဝါရောင်ရွက်ဝါ များသာ ရှိပြီး တစ်လမ်းလုံး ရွက်ဟောင်းများက ပျံ့ကျဲနေ၏။

အဖြူရောင် တံတားလေးကလည်း ယခင်ကနှင့် မတူတော့​အောင် ဆေးများကွာကျနေသည်။ ဥဩငှက်ကလေးများ၏ တွန်သံလိုလိုကြားနေရသည့် အတွက် အထီးကျန်ဆန်နေသည် ထင်သည်။ ကိုသက်နှင့် အရင် တစ်ခါကလာဖူးသော်လည်း ယခုမူ စိတ္တဇဆန်ကာ ေခြာက်ခြားစရာကောင်းလှသည်။

တံတားဘောင်ပေါ်သို့ တက်သွားသည့် ကိုသက်....ကျွန်တော် လက်ကာမိသည်။

"ကိုသက် မလုပ်နဲ့ "

ကျွန်တော် လည်ချောင်းများ ကွဲအက်နေကာ ခြစ်ပြီး အော်မိနေတော့ ကျွန်တော့် ဘက် တစ်ချက်လှည့်ကြည့်လာသည်။

ချထားသည့် ဆံပင်များကြားမှ ကျွန်တော်မြတ်နိုးမိသည့် အနက်ရောင် မျက်ခုံးထူထူများ၊ ထိုသူ၏ မျက်လုံးက အရည်လဲ့နေကာ ပူနွေးသည့် အရည်များ ကျဆင်းလာသည်။

"ငယ့်ကို စိတ်ညစ်စေတဲ့ တစ်ခုတည်းသော အကြောင်းအရာက ကိုယ်ပဲ၊ ငယ့်ကို စိတ်ညစ်အောင် လုပ်မိတဲ့ အတွက် ကိုယ်ဟာ မရှင်သန်သင့်ဘူး"

အငိုမျက်လုံးကြားမှ ထွက်ပေါ်လာသည့် အပြုံးမဟုတ်သော အပြုံးတစ်ခု။ အဲ့လိုကြီး မပြုံးပါနဲ့....ကျွန်တော့်ကို ထားခဲ့တော့မလိုတော့ မကြည့်ပါနဲ့...မလုပ်ပါနဲ့.....

လေပြင်းနှင့် အတူ လွင့်ပျံသွားသော ကိုသက် ခန္ဓာကိုယ်ကို ကျွန်တော် ဖမ်းဆုပ်ဖို့ အခွင့်မရခဲ့။

He is my ExWhere stories live. Discover now