8

204 9 0
                                    

သက်တံ့အိမ်ကို ကျွန်တော် တစ်ခါရောက်ဖူးသော်လည်း အခုက ခံစားချက်ချင်း မတူတော့ပါ။ အရင်ကဲ့သို့ စိမ်းကားသည့် ခံစားချက်မရှိတော့သည် မဟုတ်သော်လည်း သက်တံ့နှင့် အတူရှိရမည် ဆိုတော့ အဆင်ပြေမည် ထင်သည်။

ဆိုဖာပေါ်တွင် ကျွန်တော် ကို ထိုင်စေပြီးသူ့အိမ်က ရှိသည့် မုန့်များအားလုံးကို ချပေးနေသလား အောက်မေ့ရသည်။

"အိမ်မှာ တစ်​ယောက်တည်း နေတာလား "

အာလူးကြော်တစ်ထုပ်ကို ဖောက်ပေးပြီးမှ ကျွန်တော်မေးတာ ဖြေသည်။

"ဟုတ်တယ် ဒယ်ဒီတော့ တစ်ခါတစ်လေပြန်လာတတ်ပါတယ် "

"မေမေကရော "

သက်တံ့က ကျွန်တော်မျက်လုံးများကို ခဏစိုက်ကြည့်သည်။ ကျွန်တော် စကားမှားသွားပြီလား မသိပါ။

"အာ...ဆောရီး "

"မာမီက တခြားသူနဲ့ သာယာနေလောက်ပါပြီ...တောင်းပန်စရာ မလိုပါဘူး "

ပြည့်စုံသည်ဟု ထင်ရသည့် သက်တံ့၏ အက်ကွဲကြောင်း တစ်ခုကို စတင်တွေ့လိုက်ရသည်။

"မဟုတ်တာ ငါ မမေးလိုက်သင့်ဘူး "

ကျွန်တော်လည်း ဖေဖေနှင့် ပတ်သတ်ပြီး မေးလာလျှင် တစ်ခုမှ မသိ။ ဖေဖေက ဘယ်သူမှန်းလည်း မသိ။ အသက်ရှိနေသည်လား သေဆုံးသွားသည်လည်း တစ်ခုလေးပင် မသိပါ။

သက်တံ့က ဆိုဖာအောက်တွင် ထိုင်နေသည့် အတွက် ကျွန်တော်လည်း အောက်ဆင်းကာ ထိုင်လိုက်သည်။

ကျွန်တော် note ထုတ်ထားသည့် စာရွက်များကိုလည်း ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

"ဒီထဲကပဲ ကျက်ထားလိုက်ရင် အောင်မှတ်က အသာလေးပဲ "

သက်တံ့က စားပွဲကို လက်ထောက်ကာ ကျွန်တော့်ကို စူးစမ်းနေသည်။

"ငယ်က သေချာနေရအောင် ငယ်က အကြားအမြင်များ ရနေသလား "

"အကြားအမြင်ရနေတာ မဟုတ်ပါဘူး အတွေ့အကြုံအရပါ"

သက်တံ့က စာတစ်ပုဒ်ကို အရင်ဖတ်ကြည့်ပြီးမှ အတွေးတစ်ခု ရသွားဟန် တူသည်။

"ငယ် ကိုယ်စာတစ်ပုဒ် ရသွားရင် တစ်ခါနမ်းလို့ရလား "

စာရွက်များဖြင့် ယပ်တောင် ခတ်သလို လုပ်ပြီးမေးနေပြန်သည်။

He is my ExWhere stories live. Discover now