13

184 6 0
                                    

ကျွန်တော်တို​့ ​နောက်နေ့တွင် အိမ်ပြန်ဖြစ်ခဲ့ကြသည်။ လမ်းတွင်လည်း ကျွန်တော် ပြောခဲ့သည့် အတိုင်း couple အင်္ကျီ ဝယ်ဖြစ်ခဲ့ကြသေးသည်။ ကိုသက် ရွေးချယ်ထားသည့် အဖြူခံပေါ်တွင် ချစ်စရာကောင်းသည့် အနီရောင် အသည်းပုံစံလေး။ ကိုသက်သာ ရွေးချယ်လိုက်လျှင် အရာအားလုံးက ကြည့်ကောင်းပါသည်။

အိမ်ပြန်လမ်း တစ်ခုလုံး ကျွန်တော်တို့ ပျော်ရွှင်ဝမ်းမြောက်၍ မဆုံးခဲ့ပါ။ ကျွန်တော် line ဖွင့်ကြည့်လိုက်တော့ ကိုသက်တင်ထားသည့် myday လေး။ တကယ် ကိုသက်ပြောသလိုပဲ ကျွန်တော်က တကယ် သေးသေးလေးသာ ပါသည်။ messanger တွင်တော့ ကျွန်တော်တို့ နှစ်ယောက် ကျွန်းပေါ်တွင်ရှိနေသည့်ပုံ။ ကျွန်တော်ပင် မသိလိုက်သည့် ကျွန်တော် အလှဆုံး ပြုံးရွှင်နေသည့် ပုံများ။

"ကိုသက်က စာသာမတော်တာ ဓာတ်ပုံရိုက်တာတော့ တော်သားပဲ "

ကျွန်တော်​့ ဘေးနားတွင် ကား​မောင်းနေသည့် ကိုသက်က ​မျက်နှာကြီး မည်းသွားသည်။

"ကိုယ့်ကို ချီးကျူးတယ်ပဲ သတ်မှတ်လိုက်ပါ့မယ် "

ကိုသက် ကားမောင်းနေစဥ်တွင် ဖုန်းလာသည် အတွက်ကြောင့် ကိုင်လိုက်သည်။ ကျွန်တော် စဥ်းစားကြည့်မှ ကမ်းခြေတွင် ရှိနေသည့် နေ့ရက်တိုင်း ဖုန်းလုံးဝ မလာချေ။

"မင်းဘယ်တွေရောက်နေတာလဲ"

ကိုသက် speaker မဖွင့်ထားသော်လည်း ဖုန်းထဲမှ ကျယ်လောင်သည့် အသံကို ကျွန်တော်ကြားနေရသည်။

"ဒယ်ဒီ သိသားပဲ မဟုတ်လား "

ကိုသက်၏ အသံနှင့် မျက်နှာထားက တည်ငြိမ်အေးစက်သွားသည်။

"ငုဝါလှိုင်ရဲ့ ဒယ်ဒီနေမကောင်းတာကိုတောင် မင်းတို့က သွားဖြစ်ကြသေးတယ်"

"ကျွန်တော်ပြန်လာရင် သွားကြည့်လိုက်ပါ့မယ်"

"မင်း...."

ကိုသက်က ဟိုဘက်က ဖုန်းဆက်တာကို ပြီးအောင် နားမထောင်ဘဲ ချလိုက်သည်။

"ဦးလား...."

"အွန်း....နည်းနည်းတော့ မကျေမနပ်ဖြစ်နေတယ်"

He is my ExWhere stories live. Discover now