31

177 5 0
                                    

ဖန်ခွက်များ တိုက်ခတ်သံက ဆူညံစွာ ထွက်ပေါ်နေသည်။ ဒေါက်ဖိနပ် စီးထားသည့် ခြေထောက်လှလှလေးများကလည်း bar အတွင်းတွင် နေရာ အနံ့။ ဘီယာ အနံ့က ကျွန်တော့်ကို စိတ်ညစ်သွားစေပြီး ဘာမှန်း မသိထွက်ပေါ်နေသည့် သီချင်းသံက ကျွန်တော့်ကို ရန်ရှာနေသကဲ့သို့ ဖြစ်သည်။

လင်းရော ကိုသက်ပါ ရောက်မလာသေးသည့် အတွက် ကျွန်တော်က ဂြိုဟ်သားတစ်​ယောက်လို ကြောင်တောင်တောင်ဖြစ်နေစေသည်။ လှိုင့်၏ ဟာသများတွင် ခြောက်ကပ်စွာ ရယ်နေမိသည်။ ဤ နေရာက ကျွန်တော့်ကို ဘယ်နှကြိမ်ပဲဖြစ်ဖြစ် မွမ်းကြပ်စေသည်။

ထွက်ပြေးသွားလိုက်ချင်သော်လည်း မဖြစ်သေး။ ဤဆိုင်ဖွင့်ပွဲတွင် ကိုသက်နှင့် လင်းရောက်မလာသေးသော်လည်း လစ်ထွက်သွားလို့မရ။ သေလောက်အောင် ဆာလောင်နေသေလည်း ကျွန်တော် မထိတွေ့နိုင်သည့် အေးစက်စွာ ပူလောင်နေသည့် အရည်များသာ ရှိသည်။

ပုစွန် အစိမ်းသုပ်တစ်ပွဲ ကျွန်တော့် ရှေ့တွင် ရောက်လာသည်။ ကျွန်တော် သိသလောက်တော့ ယနေ့ မီနူးထဲတွင် မပါပေ။

"ဒီဟာက...."

စားပွဲထိုး မလေးကို ကျွန်တော် မေးခွန်းထုတ်မိသည်။

"အစ်ကို့ အတွက်ပါတဲ့ "

လိမ္မော်ရည်များနှင့် ကျွန်တော် စားသောက်နိုင်သည့် ခေါက်ဆွဲကြော်များပါ စားပွဲရှေ့ ရောက်လာသည်။ လှိုင်က ကျွန်တော့် အတွက် တမင်များ စီစဉ်ပေးထားသည်လား။

"မင်းကတော့ နေရာမှားပြီး လာမိပြန်ပြီပဲ"

သက်တံ၏ အသံကို ဆူညံသော သီချင်းသံများ ကြားထဲမှ မှတ်မိနေသေးသည်။ သက်တံ့က ကျွန်တော် မျက်စိထဲမှာ အမြဲတမ်း ခန့်ညားနေတာ ပါပဲ။

ကျွန်တော် ဘာမှ ဆက်မပြော....

"အဲ့ဒါကြောင့် ပြောတာ မသောက်တတ်ဘဲနဲ့ ဘာလို့ အလုပ်ကို လက်ခံသေးလဲ"

ခနဲ့တဲ့တဲ့ လှောင်ပြောင်ပြောဆိုနေသည့် သက်တံ့ကို စေ့စေ့ကြည့်ကာ ဘီယာထည့်ထားသည့် ခွက်ကို လှမ်းယူမိသည်။ သက်တံ့ကတော့ အံ့ဩစွာ ဖြင့် မျက်တောင်မခတ် လှမ်းကြည့်နေဆဲ။ ဖန်ခွက်က ကျွန်တော့်နှုတ်ခမ်းနှင့် လက်တစ်လုံး အလိုလောက်တွင် သက်တံ့က ဆွဲလုလိုက်သည်။

He is my ExWhere stories live. Discover now