12

208 9 0
                                    

မနက်ခင်း၏ အလင်းရောင်က မှန်ကာထားသည့် ပြတင်းပေါက်များအကြားမှ ဝင်ရောက်လာသည်။ နေရောင်ခြည်ကို မမြင်ရသော်လည်း နွေးလာသည် ဟုထင်ပါသည်။

ငှက်ကလေးများ၏ တေးသံကို မကြားရသော်လည်း အိပ်ပျော်နေသူ တစ်ဦး၏ အသက်ရှူသံက တူရိယာသံများ အားလုံးထက် သာယာလှသည်။ ဒါမှမဟုတ် ထိုသူက ကိုသက်ဖြစ်နေလို့လား။

အဖြူရောင် စောင်ပါးများကြားထဲမှ လှပလွန်းသည့် ကိုသက်။ ပုံမှန်လည်း ကြည့်ကောင်းသော်လည်း အခုက ပိုပြီး အပြစ်ကင်းကာ ခန့်ညားနေသလိုပင်။

ကျွန်တော် အကြိုက်ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည့် အနက်ရောင် မျက်ခုံးမွေးထူထူလေးများအတိုင်း လက်ညိုးဖြင့် လိုက်ဆွဲကြည့်နေမိသည်။ စတွေ့စဥ်က အမြဲတမ်း တွန့်ကွေးနေသည့် အတွက် မျက်ခုံးမွှေးအတွန့်ကြီး ပေါက်နေသည်ဟု တွေးခဲ့မိဖူးသည်။

အရယ်အပြုံးမရှိခဲ့သည့် နှုတ်ခမ်းရဲရဲလေးများကလည်း ယခုမူ ပျော့ပြောင်းကာ အသက်ဝင်လာခဲ့သည်။

နှုတ်ခမ်းဖူးဖူးလေးများကို လက်ညို့ဖြင့် ထိကပ်ကြည့်ရန် ပြင်နေပြီးမှ စိတ်ပြောင်းသွားကာ အနမ်းပေးလိုက်မိသည်။

သိသိသာသာ ပြုံးလာသည့် နှုတ်ခမ်းတစ်စုံ။ မျက်လုံးပါ ဖွင့်လာသည့် အတွက် လန့်သွားမိသည်။

ကိုသက် နိုးနေသည်တဲ့လား....

"ကိုယ့်ကို ငယ်က ခိုးနမ်းနေတယ်ပေါ့ "

လူမိသွားသည့် အတွက် မည်သို့တုံ့ပြန်ရမလဲ မသိ။ သည့်အတွက် ပြုံး၍သာ နေမိသည်။

"ခန္ဓာကိုယ်က အဆင်ပြေလား "

ကျွန်တော့် လည်တိုင်တွင် စွဲကျန်ခဲ့သည့် အညိုအမည်းများက နေရာအလပ်ပင် မရှိ။ နည်းနည်းကိုက်ခဲနေသော်လည်း အဆင်မပြေတာတော့ မဟုတ်။

"သဲဖြူကျွန်း မသွားဘဲနဲ့ နားလိုက်ရတော့မလား "

ကျွန်တော် ခေါင်းရမ်းသည်။

"သွားမှာ..."

ဒါက ဘယ်လိုတောင် ရခဲသည့် အခွင့်အရေးတစ်ခုလဲ။ ချောင်းသာကြီးကို လာပြီး အိပ်နေရအောင် ကျွန်တော် အသိစိတ်မလွတ်သေး။

He is my ExWhere stories live. Discover now