9

186 8 0
                                    

အရိပ်ကောင်းသည့် တမာပင်ကြီးတစ်ပင်....

လေတစ်ဖြူးဖြူးတိုက်နေကာ ကားသံ၊ လူသံများကင်းမဲ့ကာ တိတ်ဆိတ်သည့် နေရာ။

မြို့နှင့် သိပ်မဝေးသည့် နေရာတွင် ဤသို့ ဆိတ်ငြိမ်သည့် နေရာတစ်ခု ရှိသည်ကို ကျွန်တော်မသိခဲ့။

အပင်ကြီးနှင့် မလှမ်းမကမ်းတွင် တံတားတစ်ခုရှိသည်။ လမ်းပေါ်တွင် ရှိသော နေရာတစ်ခုဖြစ်သော်လည်း အသွားအလာနည်းသည်။

သက်တံ့က တံတားဘေးနားတွင် ရပ်လိုက်ပါသည်။ သက်တံ့တော့ မသိသော်လည်း ကျွန်တော်တော့ အနည်းငယ် စိတ်သက်သာရာ ရသွားလေပြီ။

ဆိုင်ကယ်ပေါ်က ဆင်းသည့်နှင့် ကျွန်တော့်ကို မလွတ်တမ်းဖက်ထားသူတစ်ဦးရှိနေသည်။

"တောင်းပန်ပါတယ် ကိုယ့်ဒယ်ဒီက နွေးနွေးထွေးထွေး မကြိုဆိုလို​့ "

သက်တံ့ အသံက သူ့အိမ်မှာ ရှိစဥ်ကနှင့် မတူတော့ဘဲ တိုးလျလျ။

"ငါတို့လည်း မှားတာပဲ မဟုတ်ဘူးလား "

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်အိမ်ကို လာဖို့ မပြောလိုက်သင့်ဘူး "

အကြီးအကျယ် တောင်းပန်နေသည့် သက်တံ့ကြောင့် စိတ်မကောင်းပင် ဖြစ်သွားသည်။ သက်တံ့၏ မေးလေးကို အသာမော့ပြီး

"ငယ့်ကို ကြည့်ပါဦး ကိုသက်..."

ဤနာမ ကို ကျွန်တော် သိပ်မခေါ်ဖြစ်ပါ။ သက်တံက မရွှင်လန်းသည့် မျက်နှာဖြင့် ကြည့်လာသည်။

"အဆင်ပြေပါတယ် ကိုသက်ရယ်...ပြုံးပါဦး"

ခပ်နွမ်းနွမ်းအပြုံးလေးက မပီမသ ပေါ်ပေါက်လာသည်။

"ကိုယ်လေ ငယ့်အိမ်ကို လာတုန်းက အရမ်းပျော်တာပဲသိလား...ငယ့်မေမေက ကိုယ့်ကို ထမင်းခေါ်ကျွေးတာလေ..ကိုယ့်ဘဝမှာ အကောင်းဆုံး ထမင်းဝိုင်းပဲ..."

"ဒီတော့ ငယ့်မေမေကြောင့် ငယ်ကို တွဲတယ်ပေါ့ "

"ငယ့်ကိုချစ်လို့ပေါ့ ဘာရှိဦးမှာလဲ...ကိုယ်တို့အိမ်မှာတော့ ဒယ်ဒီနဲ့ ထမင်းတူတူစားဖြစ်တဲ့ အချိန်က လက်ချိုးရေလို့ရတယ်၊ ကိုယ်တို့ ဆက်ဆံရေးဟာ အေးစက်လွန်းပါတယ်လေ..
.ကိုယ်ကလည်း မျက်နှာသေနဲ့ အေးစက်တာပဲ မဟုတ်လား"

He is my ExWhere stories live. Discover now