15

180 7 0
                                    

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းငယ်။ မှန်ပြတင်းများကို အဖြူရောင် လိုက်ကာ စများဖြင့် ကာရံထားကာ အဲယားကွန်းကြောင့် တစ်လွင့်လွင့်။ ပြတင်းပေါက်များကိုလည်း ပြင်ပလေဝင်မည်စိုးသည့် အတွက် ပိတ်ထားလေသည်။

drip ပုလင်းထဲမှ ဆေးစက်ကျသံကာ တိတ်ဆိတ်နေသော အခန်းအတွင်း ကျယ်လောင်လွန်းလှသည်။ ကျွန်တော် မျက်လုံးဖွင့်မိလိုက်သည်နှင့် အဖြူရောင် မျက်နှာကျက်ကြီးကို မြင်လိုက်ရသည်။ မျက်လုံးလေးဖွင့်လိုက်ရသည်ပင် ခေါင်းက မူးကနဲဖြစ်သွားသည်။

ကျွန်တော်လဲလျောင်းနေသည့် ကုတင်ဘေးတွင် သောက်ဆေး၊ ထိုးဆေးများ၊ drip ပုလင်းများ ပြည့်နေသည့် locker တစ်ခုရှိသည်။ ကျွန်တော့် ကုတင်ဘေးတွင် ထိုင်လျက်အိပ်ပျော်နေသူ တစ်ဦးလည်း ရှိသေးသည်။

"ကိုသက်...."

ကျွန်တော့် အကျင့်ရနေသည့် အမည်နာမ တစ်ခုကို သတိလက်လွတ် ရေရွတ်မိလိုက်သည်။

ထိုလူက သတိကောင်းစွာ နိုးလာသော်လည်း ကျွန်တော် မျှော်လင့်ထားသူ ​မဟုတ်ပါ။

ကြည်လင်နေသည်​့ မျက်လုံးများနှင့် အေးချမ်းမှု အတိပြီးသည့် အပြစ်ကင်းသည့် မျက်နှာ တစ်ခု၊ ချောမောလှပသော်လည်း ကျွန်တော် မသိသည့် ယောက်ျားတစ်ဦး....။

"နိုးလာပြီပဲ ကိုယ်ဆရာဝန် သွားခေါ်ပေးမယ်"

ထိုလူ ထွက်သွားပြီးနောက်တွင် ဆရာဝန်၊ ဆရာမများစွာ ကျွန်တော့် အခန်းထဲ ရောက်လာသည်။

ကျွန်တော့် နာမည်ကို မေးသည်။ အချိန်၊ နေရာနှင့် ခုနှစ်တို့ကို မေးသည်။
ကျွန်တော် မှတ်မိပါသေးသည်။ ပြီးတော့ ထွက်သွားကာ ရုပ်ချောသော တစိမ်းတစ်ဦးသာ ကျန်ခဲ့သည်။

"ကျွန်တော် ...."

ခြောက်ကပ်နေသည့် လည်ချောင်းကြောင့် အသံတို့ ကွဲခြောက်နေသည်။

"ရေသောက်မလား "

"ဟုတ်"

ဖန်ခွက် တစ်ခုအတွင်း၌ ပိုက်တစ်ချောင်း တတ်ကာ ကျွန်တော့် ပါးစပ်နား တိုးကပ်ပေးသည်။

"ကျေးဇူး..."

ကျွန်တော် ဒီကို ဘယ်လိုရောက်လာတာလဲ...

He is my ExWhere stories live. Discover now