Description

5.1K 224 6
                                    

သားရေ မာမားမင်းကို ပံ့ပိုးပေးမယ်။

အပိုင်းရေ 280ပိုင်း ဝန်းကျင်

(ဒီမှာသုံးတဲ့အမေက မာမားဖန်တစ်ယောက်ကို ဆိုလိုတာ ဖြစ်ပါတယ်)

ဇာတ်ညွှန်းရေးဆရာပေါက်စလေး ကုနျန်က လျှိဝှက်ချက်ကြီးတစ်ခု ရှိတယ်။ သူမက အဆင့်(၁၈) ရှိတဲ့ လော့ရှိး လိုခေါ်တဲ့ မင်းသားတစ်လက်ရဲ့ ဖန်အကြီးစား ဖြစ်တယ်။

လော့ရှိးမှာ ကြည့်ကောင်းတဲ့ မျက်နှာလေး ရှိပေမဲ့ သူ့သရုပ်ဆောင်ချက်တွေက ထိတ်လန့်ဖွယ်ကောင်းလှတယ်။ သူက အလုပ်မရှိတာ ၂နှစ်ကြာပြီ ဖြစ်ပြီးတော့ တစ်ချိန်တုန်းကဆို သူက ရှိးပွဲတစ်ခုမှာ သူ့အမေအရင်းတောင် သူ့သားကို သူ့သားပါလို ဝန်မခံရဲလောက်အောင် လှောင်ပြောင်ခံခဲ့ရတယ်။

အဲဒါနဲ့ သူက အဆင့်(၁၈၀) ထိ တိုက်ရိုက်ထိုးကျသွားတော့တယ်။

တခြားတစ်ဖက်မှာတော့ ကုနျန်က ရွှေအဆင့် ဇာတ်ညွှန်းရေးသူ ဖြစ်အောင် ကြိုးစားဖို ဆုံးဖြတ်ချက်ချခဲ့ပြီး သူ့ကို အမျိုးသားဇာတ်ပိုနေရာရဖို မြှုပ်နှံထားခဲ့တယ်။

@@@@@

လော့ရှိးမှာ သစ္စာရှိ ဖန်တစ်ယောက် ရှိတယ်။ သူ ပွဲဦးစထွက်ကတည်းက သူမက ပရိသတ်ပီသစွာနဲ့ လေဆိပ်မှာ စောင့်ပေး၊ သူ့ကို အွန်လိုင်းမှာ မဲပေး၊ သူ့အတွက် ဘန်နာတွေကို ဝှေ့ယမ်းပေးခဲ့တယ်။ တခြားဖန်တွေက ယိမ်းယိုင်ခဲ့ကြပေမဲ့ သူမကတော့ သူ့ရဲ့သစ္စာရှိ ပရိသတ်အဖြစ် ၂နှစ်ဆက်တိုက် ရပ်တည်ခဲ့တယ်။

တစ်ရက်မှာ သူတို အချင်းချင်း တွေ့ဆုံကြပြီး သူမက သောက်ထားခဲ့ကာ သူ့ပခုံးကို ပုတ်ပြီး ပြောလာတယ်။

"သားလေး... မင်းကို သူဌေးကြီးတွေက မပံ့ပိုးကြတာ အဆင်ပြေပါတယ်။ မာမားက ရွှေအဆင့်ဇာတ်ညွှန်းရေးသူ ဖြစ်လာရင် မာမားမင်းကို ပံ့ပိုးပေးမယ်"

လော့ရှိး "....."

@@@@@

ကုနျန်က ရွှေအဆင့်ဇာတ်ညွှန်းရေးသူ ဖြစ်လာပြီးတဲ့နောက်မှာ တက်သစ်စ တိုးတက်လာတဲ့ ကုမ္ပဏီတစ်ခုနှာ လက်မှတ်ထိုး စာချုပ်ချုပ်ဖို သူတို ကုမ္ပဏီကို သွားခဲ့တယ်။

အစညအဝေးခန်းထဲ မဝင်ခင် သူမက လော့ရှိးကို စာရိုက်ပြောခဲ့တယ်။ "သားရေ မာမားက မင်းကို ပံ့ပိုး‌ပေးနိုင်တော့မှာ စောင့်နေလိုက်.."

မကြာမီ သူမက မက်ဆေ့ပိုပြီးတဲ့နောက် သူမရှေ့ကနေ နိုတီသံ တက်လာတာကို ကြားလိုက်ရတယ်။

ကုနျန်က လှမ်းကြည့်လိုက်တော့ သိပ်ကို ရင်းနှီးတဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။

အတွင်းရေးမှူးက နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။ "မိန်းကလေးကု ဒါက ကျွန်တော်တို CEO လော့ရှိး"

ကုနျန် ".....?"

အတွင်းရေးမှူး "သူဌေးလော့ ဒါက...."

"မိတ်ဆက်ပေးဖို မလိုတော့ဘူး ငါ သူမကို သိတယ်"

အခုလေးတင် ပိုထားတဲ့စာကို ဖတ်ပြီး လော့ရှိးက ခေါင်းမော့လာတယ်။ "ဒါက ငါ့ကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ သူဌေးပဲ"

လူတိုင်း "......"

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Where stories live. Discover now