အခန်း (၂၄)
လက်ထောက်သည် နားမလည်စွာဖြင့် ငုံ့ကြည့်လိုက်ပြီး မက်ဆေ့ကို ဖတ်ရန် ကြိုးစားလိုက်သည်။ သူ၏ သူဌေးကို ရယ်အောင် လုပ်နိုင်သော အရာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။
ကံမကောင်းစွာဖြင့် ဖုန်းမှန်သည် မဲမှောင်သွားကာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"သူက ဘာပို့တာလဲ"
"အမ်း... ငါ ပြောချင်တာက..."
လော့ရှိုးသည် ပြတင်းပေါက် အပြင်ဘက်ရှိ ညရှုခင်းဆီသို့ ပြန်ကြည့်လိုက်သည်။
"သူမက စောင့်ကြည့်ပြီး သတိပေးနေတာ"
လက်ထောင်သည် အံ့ဩသွားကာ
"ဟမ်... သူမက ဘာကို စောင့်ကြည့်နေတာလဲ"
"သူမက ငါ့အပေါ်မှာ တစ်ခုခု ရှိနေတယ်"
"...."
လက်ထောက်သည် တုန်လှုပ်သွားသည်။
"သူမက အစ်ကို့ကို တစ်ခုခု လုပ်ခိုင်းတာလား။ အစ်မအန်းနကို ကျွန်တော်တို့ အကြောင်းကြားသင့်လား"
"မပြောနဲ့။ အကျယ်မချဲ့နဲ့"
လော့ရှိုးသည် တစ်စုံတစ်ခုကို တွေးလိုက်သည်။ သူသည် မျက်မှန်ကို ချွတ်လိုက်ပြီး အဝတ်ကို ယူကာ သူ၏ သေးသွယ်သော ငွေရောင်မျက်မှန်ကို ညင်သာစွာ သုတ်လိုက်သည်။
လက်ထောက်သည် သက်ပြင်းချကာ ညည်းတွားလိုက်သည်။
"သူမ မဟုတ်ဘူးလို့ အစ်ကိုပြောတယ်။ အဲဒါ သူမ မဟုတ်ဘူးလား"
"အဲဒါ ဘာလဲ"
"သူမက အစ်ကိုနဲ့ အတူ အိပ်ချင်နေတာ"
လက်ထောက်သည် မျက်မှောင် ကြုပ်လိုက်ကာ
"သူမက အစ်ကိုနဲ့ အိပ်ချင်ရုံသာမကဘူး။ အစ်ကို့ခန္ဓာကိုယ် ကောင်းမကောင်းကိုလည်း ဂရုစိုက်တယ်လို့ ကျွန်တော် ထင်တယ်"
"..."
"သူမမသွားခင်က အစ်ကိုလော့က အရမ်းပိန်တယ်လို့ ကျွန်တော့်ကို ပြောပြီး အစားများများ ကျွေးဖို့လည်း ကျွန်တော့်ကို မှာခဲ့သေးတယ်။ အစ်ကို့ရဲ့ အင်အား မလုံလောက်မှာကို သူမ စိတ်ပူနေတာ"