7 01
အခန်း (၇)
ကုနျန်သည် သူမ၏ ဖုန်းအား ဆွဲထုတ်လိုက်ကာ သူမ၏ ပြက္ခဒိန်ကို ဖွင့်လိုက်သည်။ သူမသည် လင်းနန်ထန်း၏ ရှေ့သို့ ထိုးပြလိုက်သည်။
"နောက်တနင်္လာနေ့က စပြီး မနက်ပြီး နောက်တစ်ရက်ကျရင် ရိုက်ကွင်းအတွက် ဒီမြို့ကနေ သွားရမှာ။ ဒိတ်လုပ်ဖို့ ငါ့မှာ တကယ် အချိန်မရှိဘူး"
ကုနျန်ပြောသလို လင်းနန်ထန်းက ကြည့်လိုက်သည်။
ကုနျန်၏ ဖုန်းပြက္ခဒိန်ပေါ်တွင် "Demon" ထုတ်လုပ်ရေး အဖွဲ့နောက်သို့ လိုက်ရန် တကယ့်ကို မှတ်တမ်းတင်ထားသည်။
လင်းနန်ထန်းသည် ၎င်းကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"နင် အိမ်မှာ ဇာတ်လမ်း မရေးနေသရွေ့ အဆင်ပြေပါတယ်။ အထူးသဖြင့် အဲဒီမိုက်မဲတဲ့ ကျိုးယီရွှမ်းပေါ့။ ဒါနဲ့များ နင်က ထုတ်လုပ်ရေး အဖွဲ့ဆီကို ဘာလို့ သွားဖို့ လိုနေဦးမှာလဲ"
ကုနျန် : "ထုတ်လုပ်ရေး အဖွဲ့က ရုတ်တရက်။ တောင်းဆိုထားတာ။ ငါတို့မှာ ပြောပိုင်ခွင့် မရှိဘူး"
လင်းနန်ထန်း : "နင့်ရဲ့ ဇာတ်ညွှန်းကို တင်ပြခဲ့တာ ဘယ်လောက်ကြာပြီလဲ။ တစ်နှစ်ပတ်လုံး အလုပ်လုပ်နေတဲ့ လူကို ပထမဦးဆုံး အကြိမ် မြင်ဖူးတာပဲ။ နင့်ရဲ့ အရည်အချင်းနဲ့ တခြား ဘာမဆို လုပ်နိုင်ပါတယ်။ ဒီလို မိုက်မဲတဲ့ အလုပ်ကို နင် ဘာကြောင့် ရွေးချယ်တာလဲ"
ကုနျန်က သူမ၏ လက်ကို မဝံ့မရဲ ဝှေ့ယမ်းလိုက်ပြီး
"ငါ့မှာ ဘာအရည်အချင်းမှ မရှိဘူး"
လင်းနန်ထန်း : "နင့်မှာ ဘာအရည်အချင်းမှ မရှိဘူး ဟုတ်လား။ ငါတို့မြို့ရဲ့ လွတ်လပ်တဲ့ အနုပညာ ကောလိပ်ဝင်ခွင့် စားမေးပွဲမှာ နင်က အမှတ်အများဆုံး ရခဲ့တာလေ။ တက္ကသိုလ် ဝင်ခွင့်တုန်းကလဲ နင်က ဝင်ခွင့် အမှတ်ထက် အနည်းငယ် ပိုများခဲ့သေးတာလေ။ ပြီးတော့ မင်းရဲ့ ဂုဏ်ယူစရာ...
ကုနျန် : "ငါ ထွက်လိုက်ပြီလေ"
လင်းနန်ထန်း : "...."
ကုနျန်က မစဉ်းစားပဲ ပြောလိုက်သည်။ သူမ ပြောပြီးမှသာလျှင် လင်းနန်ထန်း၏ အားနည်းချက် ဖြစ်ကြောင်း သတိရသွားသည်။