Part 28

545 51 1
                                    


အခန်း (၂၈)

လော့ရှိုးသည် သူမ၏ စကားကို မယုံကြည်ဘူးဟု ကုနျန် တွေးနေကာ

"အဟမ်း... မစ္စတာ လော့ရှိုး ရှင် အဲ့လောက် မရိုးသားသင့်ဘူး။ ဒီလောကထဲမှာ ရိုးသားတာက အနိုင်ကျင့်ခံရလိမ့်မယ်။ အဲနေ့တုန်းက သူမ လုပ်ခဲ့တာကို မှတ်မိလား။ ရှင့်ရဲ့အပိုင်းတွေကို သူမက တာဝန်ယူလို့ ရမယ်ဆိုရင် အဲ့လို အခွင့်‌အရေးမျိုးကို သူမက လက်လွှတ်လိမ့်မယ်လို့ ရှင်ထင်လား"

လော့ရှိုးသည် သူမကို နက်နက်နဲနဲ ကြည့်ကာ... "မထင်ဘူး"

ကုနျန်သည် သူမ၏ ခေါင်းကို ပြတ်သားစွာ ခါလိုက်ပြီး... "ဒါပေါ့ သူမ လက်လွှတ်မှာ မဟုတ်ဘူး"

လော့ရှိုး : "ဒါဆို သူမ ဘာလုပ်မှာလဲ"

ကုနျန်သည် တုံ့ဆိုင်းမနေပဲ ပြောလိုက်သည်။

"သူမက ဇာတ်ကောင်ရယ် ရှင့်အချိန်ပမာဏတွေရယ်နဲ့ ရှင့်ကို သေချာပေါက် ခြိမ်းခြောက်လိမ့်မယ်။ တကယ်လို့ ရှင်က မလိုက်လျောဘူးဆိုရင် ဇာတ်ကောင်ကို ဖြတ်ချလိုက်တာ ဒါမှမဟုတ် ဆန့်ကျင်ဘက် ဇာတ်ကွက်ကို ပြောင်းလိုက်တာမျိုးနဲ့ ရှင့်ကို ‌လိုက်လျောအောင် ဖိအားပေးလိမ့်မယ်"

လော့ရှိုး၏ မျက်လုံးများ အေးစက်လာသည်။ သူသည် ကုနျန်ကို စက္ကန့် အနည်းငယ် ကြာအောင် အဓိပ္ပာယ်ရှိစွာဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ငါသိပြီ"

ကုနျန် "...."

ငါရဲ့သားလေးက ဘာကို သိတာလဲ။

ကုနျန်သည် အဖြေကို မရခဲ့ပါ။ သစ်သားလှေကားသည် သူတို့၏ နောက်တွင် တကျွီကျွီ မြည်နေသည်။ လှေကားအပေါ်ရှိ လူပုံစံကို သတိထားမိကာ မော့ကြည့် လိုက်သည်။

"လော့ရှိုး။ မင်းဒီကို ရောက်နေကတည်းက ဘာလို့ တက်မလာတာလဲ"

ကုနျန်သည် လှည့်ကြည့်လိုက်သည်။ ၎င်းမှာ Demon၏ ဒါရိုက်တာ ကန်းဟုန်ယွီ ဖြစ်သည်။

သူသည် သူမကိုလည်း မြင်ရော မျက်မှောင်ကြုတ်လိုက်ပြီး

"မင်းကရော"

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Onde histórias criam vida. Descubra agora