Part 41

489 42 1
                                    


အခန်း (၄၁)

အတင်းအဖျင်း ဆိုတာက ဖျော်ဖြေရေး လောကမှာ လူတွေရဲ့ သဘာဝလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

တစ်ညမပြည့်ခင် မှာပင် နေ့လည်ဘက်တွင် ဖြစ်ပျက်ခဲ့သော သတင်းများ ပျံ့နှံ့သွားသည်။

"လုပ်ငန်းထဲမှာ ထိပ်တန်း အမျိုးသား သရုပ်ဆောင်တွေထက် မနိမ့်ကျတဲ့ သရုပ်ဆောင် အသစ်တွေက တကယ်ကို ချောမောတဲ့ မျက်နှာနဲ့ သရုပ်ဆောင် စွမ်းရည်က မရှိကြဘူး"

ထိုစကားသည် လုပ်ဖော်ကိုင်ဖက် အဖွဲ့သားများ ကြားတွင် လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

အမျိုးသမီး ဝန်ထမ်းများက သူတို့၏ စကားများကို ရယ်ချင်နေကြသည်။

"လော့ရှိုးကို လှပတဲ့ မျက်နှာလို့ ခေါ်နိုင်တာလား။ အဲဒါကို ခမ်းနားတဲ့ အလှတရားလို့ ခေါ်တယ်။ သရုပ်ဆောင် အသစ်တစ်ယောက်ဆီမှာ ဒီလို ခမ်းနားတဲ့ အလှတရားနဲ့ သရုပ်ဆောင် စွမ်းရည်တွေကို သူတို့ ဘယ်လိုလုပ် မျှော်လင့်နိုင်ရတာလဲ"

"သူတို့က Leonardoရဲ့ ပြည်တွင်းဗားရှင်းကို သရုပ်ဆောင် စွမ်းရည် ထိပ်တန်းအဆင့်နဲ့ ပွဲဦးထွက်ဖို့ မျှော်လင့်နေပြီး တတိယ အမျိုးသား ခေါင်းဆောင် ဖြစ်ဖို့ ငါတို့လို ထုတ်‌လုပ်ရေး သေးသေးလေးကို လာတာလဲ ဖြစ်နိုင်တယ်"

"သူက နင်ပြောသလို တကယ် ကြည့်ကောင်း တာလား"

"ညီမလေး။ ငါ့ကို ယုံလိုက်။ သူ့ရဲ့ အခု မျက်နှာနဲ့ နင့်ကို နံရံပေါ် မြှောက်တတ်သွားအောင်တောင် လုပ်နိုင်တယ်"

"ဟုတ်တယ် မနေ့က နေ့လည်က ငါလဲ အဲ့နေရာမှာ ရှိတယ်။ ဆံပင်ရှည်ရှည်နဲ့ ရှေးကျတဲ့ ပုံစံက အရမ်း‌ ကြောက်စရာ ကောင်းတယ်"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ အုတ်ခဲတွေ ဖယ်ဖို့ အဝတ်လဲခန်းထဲကို ငါသွားတဲ့ အချိန်တုန်းက မိတ်ကပ်ဆရာ နှစ်ယောက် ဆွေးနွေးနေတာကို ငါကြားလိုက်တယ်။ သူတို့က လှပတဲ့ လူတွေကို မြင်ဖူးနေကျ ဖြစ်ပြီး လော့ရှိုးရဲ့ မျက်နှာပုံစံက အကောင်းဆုံးပဲလို့ ပြောကြတယ်။ သူ့ရဲ့ မျက်နှာပုံစံက သုံးဖက်မြင် ဖြစ်ပြီး သူတို့ကို အလုပ် အများကြီး သက်သာစေတယ်"

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Tempat cerita menjadi hidup. Temukan sekarang