အခန်း (၃၃)
ကန်းဟုန်ယွီသည် တစ်ခဏ တိတ်ဆိတ်သွားပြီး လှည့်ကာ လက်ထောက်ဒါရိုက်တာအား စိုက်ကြည့်လိုက်သည်။
"ငါ့ကို အမှန်အတိုင်းပြော"
"ကျွန်တော် ခင်ဗျားကို အမှန်တိုင်း ပြောပြနေတာ"
"မင်းပြောတာက ဟုတ်တယ် ဒါပေမဲ့ ငါ့ကို အကုန်လုံး မပြောပြနိုင်ဘူးလား"
ကန်းဟုန်ယွီပြောလိုက်သည်။
"မင်း ဘာကိုမှ မသိဘဲနဲ့ သူ့ကို စော်ကားတာကို တားတယ်ဆိုတာ ငါမယုံဘူး"
လက်ထောက် ဒါရိုက်တာလင်းက ချက်ချင်း ပြုံးလိုက်သည်။
"ခင်ဗျားရဲ့ စူးရှတဲ့ မျက်လုံးတွေက ကျွန်တော် ရုန်းမထွက်နိုင်တော့ဘူး။ ကျွန်တော် ခင်ဗျားကို မပြောပြချင်တာ မဟုတ်ဘူး ဒါပေမဲ့ သူ့ရဲ့ နောက်ကြောင်းက အမှန်လားဆိုတာ မသေချာဘူး"
ကန်းဟုန်ယွီ စိတ်မရှည်တော့ပေ။
"ငါ့ကို စိတ်ထင့်အောင် မလုပ်နဲ့။ သူ့ရဲ့ နောက်ခံက ဘာလဲ"
လက်ထောက် ဒါရိုက်တာလင်းသည် ပတ်ပတ်လည်ကြည့်ကာ ခါးကိုကိုင်း၍ သူ၏ နားနားသို့ တိုးတိုးလေး ပြောလိုက်သည်။
"လော့မိသားစု.."
"ဘယ် လော့..."
ကန်းဟုန်ယွီ၏ အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
သူသတိပြန်ဝင်လာသော အချိန်တွင် မျက်လုံးပြူးသွားသည်။ သူသည် လက်ထောက် ဒါရိုက်တာကို ဘာစကားမှ မပြောဘဲ ကြည့်ကာ သူ၏ မျက်လုံးထဲတွင် အံ့ဩမှုနှင့် သံသယများဖြင့် ပြည့်နေသည်။
လက်ထောက်ဒါရိုက်တာလင်းသည် သူ၏ ပုံမှန် သဘောကောင်းသော ပုံစံကို ဘေးချိတ်ကာ ကန်းဟုန်ယွီအား လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူတို့ နှစ်ယောက်သည် တစ်ပြိုင်နက်တည်း လှည့်ကာ ဘာစကားမှ မပြောဘဲ လှေကားမှ ဆင်းသွားသည်။ အဆုံးတွင် နူးညံ့သော အသံတစ်ခု နောက်ဘက်မှ လွင့်မြောလာကာ အလွန် ပူပြင်းသော နေရောင် အောက်တွင် အရည်ပျော်သွားသည်။