အခန်း (၇၇)
အိပ်ငိုက်နေသော လက်ထောက်လေးသည် သူတို့ နှစ်ယောက် ထတာကို မြင်သော အချိန်တွင် သမ်းဝေကာ သူတို့နောက်မှ ချက်ချင်းလိုက်သွားသည်။ သူ အိပ်ငိုက်နေလျှင်တောင် တခြားတစ်ဖက်ရှိ ကုနျန်ကို ပိတ်ဆို့ကာကွယ်ရန် လော့ရှိုး၏ အနီးနားတွင် ကပ်နေရန် သူ မမေ့ပေ။
မိတ်ကပ်ဆရာလေးသည် တခြားတစ်ဖက်မှ ကုနျန်၏ နောက်သို့ လိုက်သွားသည်။ သူမ၏ လက်ကိုဆွဲကာ အပြုံးလေးနှင့် မေးလိုက်သည်။
"ဟေး ဒီနေ့မနက် အဖွဲ့ထဲမှာ သတင်း ကြားလိုက်တယ်နော်"
သူမ အဖိုးတန်သားလေးနှင့် ဇာတ်ညွှန်းမှ လွဲ၍ ကုနျန်သည် တခြားဘာကိုမှ စိတ်မဝင်စားသောကြောင့် အတင်းအဖျင်း ပြောအား မရှိပေ။ ထို့ကြောင့် မိတ်ကပ်ဆရာလေးက သူမ၏ ဆန္ဒကို တမင်တကာ ဆွနေသော အချိန်တွင် သူမ၏ မျက်လုံးများကို အောက်စိုက်ကာ ဝတ်ကျေတန်းကျေ မေးလိုက်သည်။
"ဘာသတင်းလဲ"
"ငါတို့ အဖွဲ့ထဲက အလှပဂေးလေး စာရေးဆရာမကုမှာ ချစ်သူရှိတယ်လို့ ကြားခဲ့တယ်"
"......"
ကုနျန် ကြောင်သွားသည်။
လက်ထောက်လေးက သူ၏ အသံကို မတိုးပေ။ လော့ရှိုးသည် ကုနျန်၏ တစ်မီတာ အဝေးတွင်သာ ရှိသောကြောင့် သူမ ပြောတာကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ လက်ထောက်ကလေး တောင်မှပင် လော့ရှိုးကို အကြည့်တစ်ချက် ချက်ချင်း ပေးလိုက်သည်။
"ဆရာ့ကို ကျွန်တော် ပြောတယ်လေ"
လော့ရှိုးက သူ့မျက်လုံးများကို မမော့ပေ။ သူ၏ အမူအရာမှာ ဘာမှ မထူးခြားပေ။
ကုနျန်သည် တစ်ခဏတာ အံ့ဩသွားသော်လည်း ညှိုးနွမ်းနေပြီ ဖြစ်သည်။
"အော်"
သူမသည် ထိုကဲ့သို့သော အရာမျိုးကို ရှင်းပြရန် အလွန်ပျင်းနေသည်။ ထိုကဲ့သို့ ကောလဟာလ ရှိခြင်းက သူမအတွက် ကောင်းသည်။ မလိုအပ်သော ပြဿနာများမှ သူမကို ကာကွယ်ပေးနိုင်သည်။
"အော် မင်းက အရမ်းအေးတာပဲ။ မင်းက ရည်းစားမရှိလို့ တစ်ကိုယ်တည်းသမားလို့ ထင်လို့ ငါရဲ့ သူငယ်ချင်းနဲ့ မင်းကို မိတ်ဆက်ပေးချင်ခဲ့တာ"