အခန်း (၃၈)
ဝမ်ဝူယာ ရပ်မနေနိုင်တော့ပေ။ သူသည် ရုတ်တရက် မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ကာ နောက်ထပ် ပါးစပ်ထဲက သွေးကို ထွေးထုတ်လိုက်သည်။
မျိုးနွယ်စု လေးခု၏ ထိတ်ထိတ်ပျာပျာ ကြည့်နေခြင်း၏ အောက်တွင် ချစ်မေတ္တာစည်း ပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းသည် အစိတ်စိတ် အမွှာမွှာ ကွဲကာ ပြိုကျသွားသည်။
ဝမ်ဝူယာက နတ်ဆိုးဖြစ်လာသည်။
......
စခရင်တစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းနေပြီး အတိတ်ဘဝက အဖြစ်အပျက်များက ပြီးဆုံးသွားသည်။
ကုနျန်၏ နောက်ဆုံး ဇာတ်ကွက်ကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် လော့ရှိုးက အေးအေးဆေးဆေး မေးလိုက်သည်။
"ဒီတော့ ဆန်းကျယ်ကြာပန်း ဇာတ်ကောင်အသစ်ကို ပြည့်စုံအောင် လုပ်ဖို့က အတိတ်ဘဝအကြောင်းအရာကို ထပ်တိုးလိုက်တာပဲပေါ့"
"ဟုတ်တယ်"
ကုနျန်က လေးလေးနက်နက် ရှင်းပြသည်။
"တင်းချောင်က သူမရဲ့ ဝိညာဉ်ကို ထိန်းသိမ်းထားပြီး ဒီနေရာမှာ လူဝင်စားတာရဲ့ အကြောင်းပြချက်က ကြာပန်းက ဗုဒ္ဓမျိုးနွယ်ထက် သာလွန်တဲ့ ပစ္စည်းကို ရဖို့ အခွင့်အရေး ရှိတာကြောင့် ဖြစ်တယ်။ တစ်နည်း ပြောရရင် ရှင်က သူမရဲ့ ဒီဘေးဒုက္ခ အတားအဆီးကနေ ကူညီပေးခဲ့တယ်"
လော့ရှိုး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"ကျွန်မတို့ ဘာပြောင်းလဲမှုမှ မလုပ်ဘူးဆိုရင် ဆန်းကျယ်ကြာပန်း သာလွန်ဖို့ကို ဘယ်လို ဖြစ်နိုင်မှာလဲ"
ကုနျန်က မလုံမလဲ ပြောလိုက်သည်။
"သေသွားလိမ့်မယ်"
လော့ရှိုးက ကြောင်သွားကာ လှည့်ကြည့်လိုက်သည်။
ထိုသို့ ပြောနေစဉ်တွင် မိန်းကလေးက သူမ အမှားတစ်ခုခု လုပ်မိသွားသကဲ့သို့ မျက်လွှာချလိုက်သည်။
"အပြစ်ကင်းပေမဲ့ ဗုဒ္ဓရဲ့ယဇ်ပလ္လင်ဟာ မြင့်မြတ်တဲ့ အရာဝတ္ထုပါ။ အဲဒါက ကောင်းကင်မိုးကြိုးရဲ့ ဖျက်စီးခြင်းကိုတောင် တားဆီးနိုင်တယ်။ ဆက်တင်ထဲမှာ အဲဒါက Bugနဲ့ တူတဲ့ ပစ္စည်း တစ်ခုပါ။ အစောပိုင်းနဲ့ အလယ်ပိုင်း အခြေအနေ တစ်ခုမှာပဲ အဲဒါကို သုံးနိုင်တယ်။ အဲဒါကို အဓိက ဇာတ်ဆောင်ဆီမှာ ချန်ထားခဲ့လို့ မရဘူး"