Part 40

370 43 1
                                    

အခန်း (၄၀)

ကန်းဟုန်ယွီ : "မင်း သူနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ရလဒ်က..."

သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ဒါရိုက်တာကန်းက သူ၏ စကား တစ်ဝက်ကို အားယူကာ မျိုချလိုက်သည်။ ခဏ ကြာပြီးနောက် သတိ ပြန်ဝင်လာကာ ဒေါသတကြီး မေးလိုက်သည်။

"မင်း ဘာလို့ မလုပ်ရသေးတာလဲ"

ကုနျန် : "အချိန်က အရမ်း အကျပ်အတည်း ဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မမှာ အချိန်မရှိဘူး"

ကန်းဟုန်ယွီ "ဒါက အကြောင်းပြချက် တစ်ခုပဲလား ဟမ်"

ကုနျန် "မဟုတ်ဘူး ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ အဲလို ထပ်မလုပ်တော့ပါဘူး"

ဖော်ပြခြင်း မရှိဘဲ သူမသည် လေးကြိမ် ဆက်တိုက် တောင်းပန်ခဲ့သည်။

ကန်းဟုန်ယွီ "...."

သူ၏ ရှေ့တွင် ရပ်နေသော လှပကာ နာခံမှု ရှိသည့် မိန်းကလေးအား ကြည့်လိုက်ရာ သူ့ကို ပျင်းရိသော ပုံစံဖြင့် သူ့ကို ကြည့်ကာ ပြောနေသည်။

"ရှင် ကျွန်မကို ကြိုက်သလောက်ဆူပါ။ ဒီနေ့ ကျွန်မ ရှင့်ကို တောင်းပန်ပါ့မယ်"

ကန်းဟုန်ယွီသည် အလွန်ဒေါသထွက်ကာ သူ၏နှလုံး ပေါက်ကွဲ ထွက်မတတ် ဖြစ်နေ‌ပေမဲ့ သူ ဘာမှ မလုပ်နိုင်ပေ။

အဆုံးတွင် အလွန် မထီမဲ့မြင်ပြုကာ သူ၏ လက်ကို ‌ဝှေ့ယမ်းလိုက်သည်။

"မင်း သူနဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးဖို့ ငါမင်းကို သုံးရက် အချိန်ပေးမယ်။ ငါ့အတွက် သူ့ရဲ့ ဇာတ်ကောင်ဘက်ကို လှည့်ပေးဦး"

"ကောင်းပါပြီ ဒါရိုက်တာကန်း"

ကုနျန်သည် ခွင့်လွှတ်ခံရပြီးနောက် လှည့်ထွက်သွားသည်။

ခြောက်ကပ် တိတ်ဆိတ်နေသော နေရာမှာ နောက်ဆုံးတွင် အရည်ပျော်သွားသည်။ ကုနျန်ပေါ်သို့ ကရုဏာ သက်ကာ စိုက်ကြည့်နေသော မျက်လုံးရောက်လာသည်။

ကျန်းရှောင်ချင်းလည်းပဲ ပြေးလာကာ ကုနျန်ကို ဒေါသတကြီး ဆွဲလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Nơi câu chuyện tồn tại. Hãy khám phá bây giờ