အခန်း (၂၃)
အငယ်တန်း လက်ထောက်လေးသည် ကုနျန်ကို အဓိပ္ပာယ် ရှိရှိနှင့် ကြည့်လိုက်သည်။ သူ့ပေါ်မှာ စာတန်းထိုးထားရင် "အိုး မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေတဲ့ မိန်းမတစ်ယောက်ပဲ" ဆိုတဲ့ စကားလုံးများကို ပြသနေမှာ ဖြစ်နိုင်ခြေ များတယ်။
ကုနျန် အမှားလုပ်လိုက်သည်။ သူမ ယခု မပြောပြနိုင်သေးပေ။
လော့ရှိုး၏ လက်ထဲသို့ ကျသွားသော "ဓားစာခံ" "သားလေးကို မွေးမြူခြင်းဒိုင်ယာရီ"ကို အင်တင်တင်ဖြင့်သာ ကြည့်နေနိုင်သည်။ ၎င်းအား အနာဂတ်တွင် မည်သို့ ကယ်ဆယ်ရမည်ကို တွေးနေစဉ်မှာပင် မျက်ရည်များ ဝဲကာ ပြောလိုက်သည်။
"အခု ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ။ ကျွန်မတို့ အဖွဲ့က ဒီတစ်ပတ် ပိတ်ရက်ကို နောက်ဆုံးထားပြီး ဇာတ်လမ်းနဲ့ ဇာတ်ကွက်တွေကို ပြုလုပ်ပေးပါ့မယ်။ နောက်မှ တွေ့ကြမယ်နော်"
လော့ရှိုးသည် ခေါင်းနည်းနည်း ညိတ်လိုက်ကာ "ဟုတ်ပါပြီ"
"ဒါဆို ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်။ ကောင်းသောညပါ မစ္စတာ လော့ရှိုး"
"...."
လော့ရှိုးသည် ရပ်တန့်သွားပြီး မော့ကြည့်ကာ "ကောင်းပါပြီ"
ကုနျန်သည် သူမ၏ အိတ်ကို ကောက်ပြီး ထွက်သွားလေသည်။ သူမသည် လက်ထောက်အား ဖြတ်သွားသည့် အချိန်တွင် တုံ့ဆိုင်းသွားသည်။ သူမသည် မကူညီနိုင်ပေမဲ့ ကိုင်းညွှတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒီမြို့က အကောင်းတကာ့ အကောင်းဆုံး စားသောက်ဆိုင်ကို ကျွန်မသိတယ်"
လက်ထောက် "အမ်"
ကုနျန်သည် သူ့ကို အပြစ်တင်သော ပုံစံဖြင့် ကြည့်ကာ
"ငါရဲ့သ... လော့ရှိုး ဝိတ်အများကြီး ကျသွားတယ်။ ရှင်ရော အဲ့လို မထင်ဘူးလား"
"တကယ်လား"
လက်ထောက်သည် နားမလည်သော ပုံစံဖြင့် မော့ကြည့်လိုက်ရာ သူ့သူဌေး၏ မျက်နှာကို ကျော်၍ အရပ်ပုပုနှင့် မိန်းကလေးကို တွေ့လိုက်သည်။