အခန်း (၃၆)
လက်ထောက်သည် သက်ပြင်းချကာ ပြန်လှည့်လိုက်ကာ တတွတ်တွတ်ပြောလိုက်သည်။
"ရှင့်ဘဝက အရမ်းကို ကောင်းတာပဲ။ ရှင်က ကျွန်မ အဖိုးလောက်ကို ကောင်းတယ်"
လော့ရှိုးသည် နူးညံ့စွာ ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးဆီသို့ လုံးဝ မရောက်လိုက်ပေ။
လက်ထောက် : "ဒါဆို အဖွဲ့ထဲမှာ ရေပန်း အစားဆုံး ဖြစ်နေတဲ့ အတင်းအဖျင်းကိုကော ရှင်မကြားဖူးဘူး မလား"
"ဟုတ်တယ်"
လော့ရှိုး၏ စိတ်ဝင်စားမှုကို ကင်းမဲ့နေသည်ကို မမြင်ဘဲ လက်ထောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အဲဒီ မန့်ကျစ်က လှပတဲ့ စာရေးဆရာ ကျိုးယီရွှမ်းလို့ လူတိုင်းပြောနေကြတယ်"
"......"
လော့ရှိုး၏ မျက်လုံးများ အနည်းငယ် မှိတ်တုတ် မှိတ်တုတ် ဖြစ်သွားသည်။
စက္ကန့် အနည်းငယ် ကြာပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များ တွန့်သွားကာ ပြန်လှည့်ကြည့်လိုက်သည်။ ထိုလူသည် သူ့လက်ထဲရှိ နက်မှောင်သော အညိုရောင် စာအုပ်ကို မလိုက်သည်။ စာအုပ်၏ လယ်သာနဲ့ အလင်းရောင်၏ ယှဉ်ပြိုင်မှုအောက်တွင် သူ၏ သွယ်လျသော လက်ချောင်းများမှာ အေးစက်ကာ ဖြူဖွေးနေသည်။
"အဲဒီမန့်ကျစ်လား"
လက်ထောက်သည် ပျာပျာသလဲ ခေါင်းညိတ်လိုက်သည်။
"တကယ်လို့ ဒီစာအုပ်က တကယ်ပဲ မန့်ကျစ်ဆိုရင် ရှင့်ရဲ့ အမာခံ ပရိသတ်က အဲဒီလှပတဲ့ စာရေးဆရာပေါ့။ နှစ်နှစ်လောက် ကြာအောင် လတိုင်းမပျက်မကွက် ပစ္စည်းတွေ ပို့ပေးခဲ့တာပေါ့။ ဒီလို ခင်မင်မှုမျိုး"
"မဟုတ်ဘူး"
"ဟမ်"
လက်ထောက်သည် ရုတ်တရက် ဖြတ်ပြောခံလိုက်ရကာ ကြောင်တောဂ်တောင် မော့ကြည့်လိုက်သည်။
"ကျိုးယီရွှမ်းက အဲဒီမန့်ကျစ် မဖြစ်နိုင်ဘူး"
"....."
လက်ထောက်မှာ ခဏလောက် အံ့ဩသွားသည်။
"ဒါပေမဲ့ ကျိုးယီရွှမ်း ကိုယ်တိုင်ကလည်း အဲဒါကို မငြင်းဘူး။ သူမက မန့်ကျစ် မဟုတ်ဘူးဆိုရင် သူမက အယောင်ဆောင်သူပဲ မဟုတ်ဘူး ရှင် Save meကို မကြားဖူးဘူးလေ။ သူမ မဟုတ်မှန်း ရှင် ဘယ်လို သိလဲ"
![](https://img.wattpad.com/cover/367821309-288-k102608.jpg)