အခန်း (၂၂)
ကုနျန်၏ ဇာတ်လမ်းနှင့် ဇာတ်ကောင်များ ရှင်းလင်းချက်သည် တစ်နာရီကျော် ကြာလေသည်။ ထိုအရာ ပြီးသွားသော အချိန်တွင် သူမသည် အနည်းငယ် ပင်ပန်းသွားသည်။
"ဒီဇာတ်ညွှန်းမှာ ပါဝင်တဲ့ ဇာတ်လမ်းနှင့် ဇာတ်ကောင်တွေက အခြေခံအားဖြင့် ဒါတွေပဲ။ ရှင်ဘယ်လို ထင်လဲ။ ဘာပြဿနာမှ မရှိဘူး မလား"
ကုနျန်သည် ဖောက်သည်များနှင့် တစ်ခါမှ မပြောဖူးသော နူးညံ့သော လေသံနှင့် ပြောလိုက်သည်။ သူမ၏ အဖိုးတန် ငန်းလေးကို အလွန် မြတ်နိုးစွာ ကြည့်လိုက်သည်။
"ဟုတ်ကဲ့"
"ကောင်းပါတယ်။ စဉ်းစား ကြည့်လိုက်ဦးမယ်။ ၈နာရီတောင် ခွဲနေပြီလား"
ကုနျန်သည် သူမ၏ နာရီကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားသည်။ သူမသည် စားပွဲဝိုင်းပေါ်တွင် ပြန့်ကျဲနေသော စာရွက်စာတမ်းများကို မြန်မြန် သေသပ်အောင်စီလိုက်သည်။
"ရှင်က ကိုးနာရီဆိုရင် အိပ်ရမှာ ဟုတ်တယ်မလား။ ကျွန်မ မနှောင့်ယှက်တော့ပါဘူး။ ဇာတ်ညွှန်းကို ဒီနေရာမှာ ထားခဲ့မယ်။ ရှင် ဘာကိုမှ နားမလည်ဘူးဆိုရင် ကျွန်မဆီကို စာပို့လိုက်ပါ"
"....."
အချိန်အတော်ကြာအောင် ဘာတုံ့ပြန်ချက်မှ မရှိပေ။
ကုနျန်သည် အနည်းငယ် ထူးဆန်းစွာ ခံစားလိုက်ရသည်။ သူမသည် လုပ်နေတာကို ရပ်ကာ လှည့်ကြည့်လိုက်သည်။ ကုနျန်သည် ရှပ်အင်္ကျီ လက်တစ်ဝက်ကို ခေါက်ကာ ထိုင်ခုံကို မှီနေသော အမျိုးသားကို တွေ့လိုက်သည်။ သူသည် ဇာတ်ညွှန်းကို ကိုင်ကာ သူမျက်မှန်၏ နောက်ကွယ်မှ အညိုရောင်မျက်လုံးများဖြင့် သူမကို ကြည့်နေသည်။
"ဘာမှားနေလို့လဲ"
သူမသည် စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
"ကိုးနာရီဆို အိပ်နေကျ "
လော့ရှိုးသည် သူ၏ မျက်မှန်ကို ပေါ့ပေါ့ပါးပါး ချိန်လိုက်သည်။ ဖျက်ကနဲ ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများသည် အရင်တိုင်း နူးညံ့နေသည်။