Part 3

935 81 0
                                    

3 01

အခန်း (၃)

သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး သူမ အမေ၏ ကိုယ်စားလှယ်ဖြစ်သော လင်းနန်ထန်းသည် ခပ်တည်တည်နှင့် သူမ၏ ဖုန်းကို ကြည့်ကာ ဧည့်တွေ့ခန်း၏ ဆိုဖာပေါ်တွင် ထိုင်နေသည်။

ကုနျန်သည် သူမ၏ အနားသို့ ရောက်သောအခါ သူမ၏ ပုခုံးအား မှီကာ မေးလိုက်၏။

"ဘာတွေ ဖတ်နေတာလဲ"

လင်းနန်ထန်းမှာ လန့်ဖြတ်သွားသော်လည်း သူမကို အပြစ်တင်ရမည့် အချိန် မဟုတ်ပေ။ သူမသည် လက်ကိုဆန့်ကာ ဆွဲခေါ်လိုက်သည်။

"နင် ဇာတ်ညွှန်းရေး အဖွဲ့မှာ လုပ်နေခဲ့တာက "There are Demons" လို့ ခေါ်တဲ့ ဇာတ်လမ်းမလား"

"အမ်"

"ဒါဆို မင်းရဲ့ ဇာတ်ညွှန်းကို ခိုးတဲ့ ကလိမ်ကကျစ် စာရေးဆရာ ချင်းတုန်းရှက ဘယ်သူလဲ"

"...."

ကုနျန်က ကြည့်ရန် မှီလိုက်သည်။ လင်းနန်ထန်း၏ ဖုန်းစခရင်ပေါ်တွင် ဖျော်ဖြေရေး အသိုင်းအဝိုင်းနှင့် ပတ်သက်သော သတင်း ဖြစ်သည်။ ခေါင်းစဉ်မှာ အလွန်မြင်သာသည်။

[သူမ၏ ပုံစံမှာ ဆရာမန့်ကျီ၏ ထူးဆန်းသော ပုံစံနှင့် ဆင်တူပြီး ဇာတ်ညွှန်းရေး ဆရာအသစ် မိန်းကလေးကျိုးယီရွှမ်း (ချင်းတုန်းရှ၏ နာမည်ပွားဖြင့်) သည် သူမ၏ Demons ရှိုးပွဲအသစ်ဖြင့် သန်မာစွာ ပြန်လည်ရောက်ရှိလာသည်]

(မှတ်ချက်။ ။ ကုနျန်မှာ လျှို့ဝှက်နာမည်လေး ရှိပါတယ်။ နာမည်လေးက သိုဝှက်ထားတဲ့ သစ်ခက်လေး အဲလို အနက်မျိုး ရှိပါတယ်။ Eng လို Blind Branch, တရုတ်လို ဆိုရင် မန့်ကျီ လို့ အသံထွက်ပါတယ်)

ခေါင်းစဉ်၏ အစပိုင်းကို ကြည့်ကာ ကုနျန်သည် စက္ကန့် အနည်းငယ် လေးနက်သွားသော်လည်း သူမ၏ အိပ်ချင်စိတ်လျင်မြန်စွာ ပြန်ပေါ်လာလေသည်။ ဆိုဖာပေါ်သို့ မှီကာ ပြောလိုက်၏။

"Demonရဲ့ ဒါရိုက်တာအဖွဲ့က ခန့်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ ထင်တယ်"

"အဲဒါက နင့်ရဲဇာတ်ညွှန်း မဟုတ်ဘူးလား"

"ကျော်ကြားမှု မရှိ နောက်ခံမရှိတဲ့ ငါတို့လို ဇာတ်ညွှန်းရေးဆရာလေးတွေအတွက်က ဇာတ်လမ်းအတွက် အပြည့်အဝ ငွေချေပေးတာနဲ့တင် လုံလောက်နေပါပြီ။ ‌ခေါင်းစဉ် နာမည်စာရင်းမှာ ပါဝင်ဖို့ မမျှော်လင့်ထားပါဘူး"

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Donde viven las historias. Descúbrelo ahora