4 01
အခန်း (၄)
ရှင်းယွဲ့ဟိုတယ်၏ အနောက်တိုင်း အစားအစာများက ဘယ်လိုဆိုတာကို ကုနျန် မသိသော်လည်း ဇွန်းများက အလွန်တောက်ပနေသည်။
ငွေရောင် အလင်းတန်းများသည် လက်ကိုင်မှ ဇွန်းခွက်ထဲသို့ စီးဆင်းသွားကာ အလင်းရောင်တစ်ခု ဖြစ်ပေါ် လာသည်။ ၎င်းသည် လူတွေကို ရောင်ပြန်ဟပ်နိုင်အောင်ပင် တောက်ပနေသည်။ သူ့မကိုယ်သူမ ရောင်ပြန် ဟပ်နိုင်ရုံသာမကပဲ သူမ၏ အနောက်ရှိ ၂မီတာ ၃မီတာလောက်ဝေးသော လူကိုပင် ရောင်ပြန်ဟပ်နေသည်။
လင်းနန်ထန်းသည် သူမ၏ လက်ကိုင်ပုဝါအား ခင်းပြီး မော့ကြည့်လိုက်ရာ ဇွန်းတွေကို စူးစိုက်ကြည့်နေသော ကုနျန်အား တွေ့လိုက်သည်။
လင်းနန်ထန်းသည် မကျေမနပ်ဖြင့် သူမ၏ နှုတ်ခမ်းအား ဖိလိုက်သည်။
"၁၀ထပ်လောက် မွန်းမံထားတဲ့ ဟာကို ကြည့်နေတော့ နင်ဘာရမှာလဲ"
ကုနျန် : "သူ့ရဲ့ ကောက်ကြောင်း"
လင်းနန်ထန်း : "ကောက်ကြောင်း ဟုတ်လား။ သူတို့ရဲ့ အရပ်နဲ့ ခန္ဓာကိုယ် အရွယ်အစားက လွဲရင် အကုန် အတူတူပဲ မဟုတ်ဘူးလား"
"အရမ်းကွဲတာပေါ့။ ပုခုံး၊ ခါး၊ တင်ပါးနဲ့ ခြေထောက် ကြားထဲက အချိုးအစားတွေက တကယ်ကို အရေးကြီးတယ်။ များတာ နည်းတာ ဖြစ်လို့ မရဘူး"
ကုနျန်သည် ထောက်ပြလိုက်၏။
လင်းနန်ထန်းသည် သူမအား ကျီစားလိုက်သည်။
"ပုခုံး၊ ခါး၊ တင်ပါးနဲ့ ခြေထောက်တွေလား။ ငါက နင့်ကို လျော့တွက်မိတာပဲ လမ်းသရဲမ။ နင်က အရမ်း စည်းကမ်း ကြီးတာပဲ။ ဒီလို မြင့်မားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ တစ်ယောက်ယောက်နဲ့ တွေ့နိုင်ပါ့မလား"
ကုနျန်သည် ဂုဏ်ယူစွာဖြင့် မော့ကြည့်လိုက်၏။ "မြင်ဖူးတယ်လေ။ ငါ့သားက အရမ်းပြည့်စုံပြီး လမ်းလျှောက်နေတဲ့ David ရုပ်ထုနဲ့ တူတယ်"
"David လား။ Florenceရဲ့ အဆင့်မြင့် အနုပညာ အကယ်ဒမီမှာ ရှိတဲ့ အဝတ်မဲ့ရုပ်ထုကို ပြောတာလား"
ကုနျန် "....."
ကုနျန်သည် လင်းနန်ထန်းအား ထုံးထိုင်းစွာ ကြည့်ပြီး သူမ၏ မျက်လုံးများအား စိုက်ကြည့်နေလေသည်။