Part 9

736 65 0
                                    

9 01

အခန်း (၉)

"Demonလား"

ချောင်ရှီက အံ့ဩသွားသည်။

"အဲဒါက ကျိုးယီရွှမ်းရဲ့ ဒရမ်မာအသစ် မဟုတ်ဘူးလား။ မင်းက လော့ကျန်းရဲ့ ကျားပါးစပ်ထဲကို ထိုးချခံရတာပဲ"

"လော့ကျန်းက ဘယ်သူလဲ"

အန်းယီက မေးလိုက်သည်။

လော့ရှိုးက မော့မကြည့်တော့ပေ။ သူ၏ သွယ်လျသော လက်ချောင်းများဖြင့် စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို လှည့်နေသည်။

"ငါလဲ သူ့ကို မသိဘူး"

ချောင်ရှီက ရယ်လိုက်သည်။

"ကျိုးမိသားစုရဲ့ ပုလဲလေးလေ။ သူမက လှရုံသာ မကပဲ ခန်းဝင်ပစ္စည်း သန်ရာ‌ပေါင်းများစွာလည်း ပိုင်ဆိုင်ထားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် သူမ ကျောင်းတက်တဲ့ အချိန်တုန်းက လော့ရှိုးကို မြင်မြင်ချင်း ချစ်ခဲ့ပြီး အချိန် အတော်ကြာအောင် လိုက်ခဲ့သေးတယ်။ လော့ရှိုး မင်း သူမကို မသိဘူးလို့ ပြောတာကတော့ လူမဆန်ရာ မကျလွန်းဘူးလား"

ဝိုင်ခွက်ကို လှည့်ပတ်နေခြင်းမှာ ရပ်တန့်သွားသည်။ သွေးနီရောင် ဝိုင်သည် ဖန်ခွက်ပေါ်မှ တောင်နှင့်တူသော ကောက်ကြောင်းဖြင့် ထွက်လာသည်။

အလင်းရောင်အောက်တွင်...

လော့ရှိုးက သတိရသွားပြီး ပျင်းရိစွာ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်သွားသည်။

"တောင်းပန်ပါတယ် ငါ သူမကို တကယ် မမှတ်မိဘူး"

သူ၏ ဂရုမစိုက်သော လေသံကြောင့် တောင်းပန်ခြင်း အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရပေ။

"တောက်... အရမ်းအေးစက်လွန်းတယ်"

ချောင်ရှီသည် စားပွဲပေါ်သို့ မှီကာ ကျီစားလိုက်သည်။

"အခု ပုံမှန် နာမည်ကြီး ဝတ္ထုတွေအတိုင်းသာဆို ထုတ်လုပ်ရေး အဖွဲ့မှာ သူမနဲ့ ပြန်တွေ့တဲ့ အချိန်မှာ သူမကို ချစ်မိပြီး ချစ်ဇနီးလေးနဲ့ ပြေးတမ်းလိုက်တမ်းမှာ ရှုံးနိမ့်သွားလိမ့်မယ်"

"...."

လော့ရှိုးက မရင်းနှီးသော စကားလုံးကို အကြမ်းဖျင်း နားလည်သည်။ သူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။ သူသည် အဝေးသို့ ငေးကြည့်ရာမှ လှည့်လိုက်ကာ ပြတင်းပေါက်၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Donde viven las historias. Descúbrelo ahora