Part 79

168 20 0
                                    


အခန်း (၇၉)

[မန့်ကျစ် ၏ သားလေး ပြုစုပျိုးထောင်ခြင်း ဒိုင်ယာရီ]

နိုဝင်ဘာ ၂၂ /၂၀၁၈ ကြာသပတေးနေ့

ရာသီဥတုမှာ အုံ့မှိုင်းနေသည်။

ဟင်း.. ဒီနေ့ အာဟာရ ရှိတဲ့ လက်ဖက်ရည်ကို ငါပို့လိုက်တဲ့ အချိန်မှာ ကျူးဟန်ယွီကို ငါ မေးလိုက်တယ်။ သားလေးက ဒီလမှ ဘာအလုပ်မှ လက်ခံမရရှိခဲ့ဘူး။

သေချာတယ် Dingke မီဒီယာကို ငါ အများကြီး မျှော်လင့်ထားမိတာပဲ။ စကား မပြောနိုင်သော စည်းကမ်းများဖြင့် ပြည့်နေသော အထက်လူကြီး အမှိုက်တွေက ပညာရှိ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချနိုင်မှာလဲ။ သူတို့ရဲ့ အဖိုးတန် အချိန်နဲ့ ငယ်ရွယ်မှု ဘယ်အရာကိုမှ မဖြုန်းတီးတဲ့ သားလေးကဲ့သို့ အနုပညာရှင်နှင့် လက်မှတ် ရေးထိုးသော အချိန်တွင် အစီအစဉ်တောင်မှ မရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ခွေး Dingke မကြာခင် ဒေဝါလီ ခံရသင့်တယ်။

မဟုတ်ဘူး ငါ့သားလေး နာမည်ကြီးလာတဲ့ အထိ စောင့်ဦး ပြီးတော့မှ တတ်နိုင်သမျှ အမြန်ဆုံး ဒေဝါလီ ခံဖို့ ခွင့်ပြုနိုင်မယ်။

ငါ ဒီလမှာ အလုပ်အရမ်း များနေတာကြောင့် တာအိုဘုန်းကြီးကျောင်းကို သွားပြီး ကောင်းချီးပေးဖို့ ‌ဆုတောင်းဖို့တောင် မေ့နေပြီ။ ဒီတစ်ပတ် မိဘမဲ့ကျောင်းမှာ စေတနာ့ ဝန်ထမ်း လုပ်ဖို့ အချိန်မရှိပေမဲ့လည်း ပရဟိတ စီမံကိန်းထဲမှာ ငါ့ရဲ့ သားလေး နာမည်နဲ့ ပိုက်ဆံလှူလိုက်မယ်။

အပတ်တိုင်းမှာ ကောင်းမွန်တဲ့ ကံကြမ္မာ အနည်းငယ်နဲ့ အချိန်အတော်ကြာ စုဆောင်းပြီးတဲ့ နောက်မှာ အဖိုးတန် သားလေးက သေချာပေါက် အရမ်းကို နာမည်ကြီး လာလိမ့်မယ်။

အာ ဟုတ်သားပဲ ဒီနေ့က နှင်းကျတဲ့ နေ့လေ။

မနက်ဖြန် သားလေး သေချာပေါက် ဘောင်းဘီရှည် ဝတ်ဖို့ကို ကျူးဟန်ယွီကို သတိပေးရမယ်။ ရာသီဥတု ပိုအေးလာတာနှင့်အမျှ ပါးလွှာတဲ့ အဝတ်အစားများကို ဝတ်ဆင်ရင် သားလေးရဲ့ ခြေထောက်‌တွေ သေချာပေါက် အအေးမိလိမ့်မယ်။

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Où les histoires vivent. Découvrez maintenant