အခန်း (၇၃)
လက်ထောက်လေးသည် နူးညံ့သိမ်မွေ့ခြင်း အောက်တွင် အေးစက်သော အပြုံးဖြင့် စက္ကန့်အနည်းငယ် အကြာ ရယ်နေလိုက်ပြီး
"ဒါဆို ဒီကမ္ဘာမှာ အစ်ကို့အတွက် သက်ဆိုင်တဲ့လူ ဒါမှမဟုတ် အရာဝတ္ထု တစ်ခုခု ရှိနေရမှာလား"
လော့ရှိုးက ခဏတာ စဉ်းစားလိုက်သည်။
ထို့နောက် သူ ဝမ်းနည်းသွားသလို သူ၏ ခေါင်းကို ခါလိုက်ပြီး
"မရှိဘူး"
လက်ထောက်လေး "......"
လက်ထောက်သည် သက်ပြင်းချလိုက်ပြီး စိတ်ပျက်ကာ ခိုကိုးရာမဲ့ ဖြစ်သွားသည်။
"ဖျော်ဖြေရေး နယ်ပယ်ထဲမှာ ဘုန်းကြီး ဝတ်ဖို့ စဉ်းစားနေတဲ့ လူက အစ်ကို တစ်ယောက်တည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်"
လော့ရှိုးက ပြုံးလိုက်သော်လည်း မည်သည့်မှတ်ချက်မှ မပြုခဲ့ချေ။
လက်ထောက်လေးသည် မနက်စာ စားပွဲခင်းကို ဖြန့်ခင်းနေချိန်တွင် တစ်ခုခုကို ရုတ်တရက် တွေးကာ မေးလိုက်သည်။
"စကားမစပ် အစ်ကိုလော့ရှိုးရဲ့ မွေးနေ့တောင် ရောက်တော့မှာပဲ။ နောက်တစ်ပတ် အင်္ဂါနေ့ မလား"
လော့ရှိုးက အစအဆုံး အမူအရာမရှိ ဖြေလိုက်သည်။
"ငါ မေ့နေတာ"
လက်ထောက်လေးသည် ရွေးချယ်စရာ မရှိပေ။
"အစ်ကိုရဲ့ မွေးနေ့မှာ မွေးနေ့ပွဲ မကျင်းပ ချင်ဘူးလား"
"အင်း"
လက်ထောက်လေးက မအံ့ဩပေ။ သူသည် ခေါင်းခါလိုက်ပြီး စားပွဲခင်းကို ဟိုရွေ့ဒီရွေ့ လုပ်လိုက်သည်။
.....
အားလပ်ချိန် နှစ်ရက် ရပြီးနောက် တနင်္ဂနွေနေ့ နေ့လည်တွင် လော့ရှိုး၏ ရိုက်ကူးရေး အချိန်ဇယားကို စီစဉ်ထားသည်။ နှောင့်နှေးမှုကို ရှောင်ကြည်ရန် လက်ထောက်ကလေးသည် နေ့ခင်း မတိုင်ခင် လော့ရှိုးကို စတူဒီယိုသို့ ပို့ပေးလိုက်သည်။
ထို့နောက် သူသည် "သူ့ကို စောင့်နေသော" ကုနျန်ကို တွေ့လိုက်သည်။
![](https://img.wattpad.com/cover/367821309-288-k102608.jpg)