19 01
အခန်း (၁၉)
ညနေခင်းတွင် တောင်ပေါ်မှ နေဝင်ချိန်မှာ အလွန် လှပသည်။ ကြီးမားကာ လှပသော အလင်းတန်းသည် ကောင်းကင်ကို ဖုံးလွှမ်းကာ ညနှင့် နီးကပ်လာပြီး ထူထပ်သော ရွှေရောင် အလင်းတန်းများဖြင့် အဆက်မပြတ် တောက်ပနေသော တောအုပ်ကို တောက်ပစေသည်။
လေတိုက်နေသော အချိန်တွင် ထောင်နှင့် ချီသော ချိုင်းဝှမ်းများနှင့် သစ်တောများ လှုပ်ခါသွားသည်။ နေဝင်ချိန်သည် တောင်များ ကြားထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ကြီးကျယ် ခမ်းနားကာ အံ့ဩစရာ ကောင်းသည်။
ညနေ ၆နာရီတွင် ကုနျန်နှင့် အခြားနှစ်ယောက်သည် မြို့ထဲရှိ ဟိုတယ်သို့ ရောက်သွားသည်။
Demons ၏ ရိုက်ကွင်းနေရာမှာ လျှိုမြောင်များ အတွင်းတွင် ရှိသော်လည်း ရိုက်ကူးရေး အဖွဲ့မှာ ရိုက်ကွင်းအတွက် ထိုနေရာသို့ လာသည်မှာ ပထမ ဦးဆုံး အကြိမ် မဟုတ်ပေ။ ဒေသခံများသည် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အရေး ယူကာ မြို့တွင်း စီးပွားရေး လမ်းများ ထူထောင်ကြသည်။ မြို့ကြီး၏ စီးပွားရေး ဈေးကွက်နှင့် နှိုင်းယှဥ်၍ မရသော်လည်း အခြေခံ လူနေမှု အဆင့်အတန်းကို ဖြည့်ဆည်းပေးနိုင်သည်။
ဥပမာအားဖြင့် ထိုအချိန် သူတို့ သုံးယောက်၏ ရှေ့တွင် ရှိသည်မှာ ၈ထပ်မြင့်သော စတားမွန်း ဟိုတယ်၏ဌာနခွဲပင် ဖြစ်သည်။
"ငါတို့ လယ်ထဲမှာ နေနေတဲ့ အချိန် သရုပ်ဆောင်တွေက ဒီဟိုတယ်မှာ နေနေရတာလား။ ဒါကတော့ ပေါ်တင်ကြီး လူမှုဆက်ဆံရေး အဆင့်အတန်းကို ခွဲခြားနေတာပဲ"
ကျန့်ရှောင်ချင်းသည် စိတ်တိုတိုနှင့် ပြောလိုက်သည်။
ကုနျန်သည် လှည့်လိုက်ပြီး သူတို့၏ လက်ကို ကိုင်ထားလိုက်သည်။
"နင် မလိုက်ချင်ဘူး ဆိုတာ သေချာလား"
ချင်းယွမ်ယွမ် "ငါ တချို့ လိုအပ်တာတွေ ဝယ်ဖို့ သွားရဦးမယ်။ ရှောင်ချင်း ငါ့ကို လိုက်ပို့ပေးပါ"
ကျန့်ရှောင်ချင်းသည် မြန်မြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်။ နင်ရဲ့သားနဲ့ တွေ့တာကို ငါတို့ မနှောင့်ယှက်တော့ပါဘူး"