Part 37

377 32 0
                                    


အခန်း (၃၇)

စိတ်မချမ်းမြေ့ဖွယ် တစ်ပတ်တာ၏ တစ်ဝက်အပြီးတွင် "Demon"၏ ဇာတ်လမ်းကို တတိယ အရံအမျိုးသားခေါင်းဆောင် ဆန်းကျယ်ကြာပန်းကို ပေါင်းထည့်ခြင်းကို အပြီးသတ်ခဲ့သည်။

ကုနျန်၏ စာရေးဆရာ အသင်းမှ ရေးသော "Demon" မှာ စိတ်ကူးနှင့် အိပ်မက်ဆန်သော ဇာတ်လမ်းဖြစ်သည်။

ဇာတ်လမ်းနှင့် တည်ဆောက်ထားသော လောကတွင် ဉာဏ်ကောင်းသော သက်ရှိ လောက၌ ထာဝရ ရှင်သန်ခြင်း၊ မိစ္ဆာ၊ ဗုဒ္ဓ၊ လူသား၊ နတ်ဆိုးဟူ၍ ငါးမျိုး ခွဲခြားထားသည်။

၎င်းတို့ ကြားတွင် ထာဝရ ရှင်သန်ခြင်းနှင့် ဗုဒ္ဓသည် ကောင်းကင်ဘုံဟု သိကြသော အထက်အရပ်တွင် နေထိုင်ကြသည်။ လူသားနှင့် မိစ္ဆာတို့သည် လူ့ပြည်ဟု သိကြသော အလယ်အလတ် အရပ်တွင် နေကြသည်။ နတ်ဆိုးများသည်သာ ငရဲပြည်ဟု သိကြသော အမှောင်နှင့် သက်မဲ့ အောက်ကမ္ဘာတွင် နေကြသည်။

အရင်ဘဝက ဇာတ်လမ်း၏ အစတွင် ထန်းချီအာ နယ်ပယ်၏ ပထမနှစ်တွင် လူသားမျိုးနွယ်ထဲ၌ ပြိုင်ဘက်ကင်းသော ဉာဏ်ကြီးရှင် တစ်ဦးမွေးဖွားလာသည်။ သူ‌ မွေးဖွားလာသော အချိန်တွင် ကောင်းကင်၌ ထူးဆန်းသော သဘာဝ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာကာ မျိုးနွယ်စု ငါးခုကို တုန်လှုပ်သွားစေသည်။ မျိုးနွယ်စု ငါးခု၏ အကြီးအကဲတိုင်းက ထိုလူမှာ တောက်ပသော အနာဂတ် ရှိလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့ကြသော်လည်း သူသည် နောင်တွင် နတ်ဆိုးလမ်းစဉ်ထဲသို့ ရောက်သွားလိမ့်မည်။ ထိုအချိန်တွင် သူသည် သာမန် လူများကို သတ်ဖြတ်ကာ ကောင်းကင်တာအိုကို အစားထိုးလိမ့်မည်။

ထာဝရ ရှင်သန်ခြင်း၊ ဗုဒ္ဓ၊ လူသားနှင့် နတ်ဆိုးတို့သည် သူ့အကြောင်းကို စိုးရိမ်ခဲ့ကြပြီး နတ်ဆိုး မျိုးစေ့ဟု ခေါ်ခဲ့ကြသည်။

နတ်ဆိုးမျိုးစေ့ကို ဝမ်ဝူယာ ဟု ခေါ်ကာ သူ၏ ကြီးထွားနှုန်းမှာ အလွန် ကြောက်စရာ ကောင်းသည်။ မျိုးနွယ်စု လေးခုသည် သူ့ကို တိတ်တဆိတ် သတ်ချင်ကြပေမဲ့ သူတို့ကသာ အစားထိုး သတ်ခံလိုက်ရသည်။ သူ၏ သူငယ်ချင်းနှင့် ဆရာများ၏ သစ္စာဖောက်မှုကြောင့် ဝမ်ဝူယာ သည် တဖြည်းဖြည်း ပုန်ကန်လာကာ သူ၏ လှုပ်ရှားမှုများမှာ ပို၍ အကြင်နာမဲ့ ပြတ်သားလာသည်။ ထို့အပြင် သူ၏ ခွန်အားသည် မရပ်မနားဖြစ်ကာ အချိန်တစ်ခုအထိ မျိုးနွယ်စု လေးခုကို အန္တရာယ် ဖြစ်စေသည်။

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Where stories live. Discover now