10 01
အခန်း (၁၀)
"ပျင်းတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ချောင်ရှီမှာ ကူကယ်ရာ မဲ့နေသည်။
"လှပတဲ့ အရာတွေ၊ အကောင်းဆုံး ဝိုင်၊ စိတ်ကူးထဲက ကားတွေ၊ ဇိမ်ရှိတဲ့ဘဝ။ အရာအားလုံးက မင်းရဲ့ လက်ချောင်းထိပ်ပေါ်မှာပဲ မဟုတ်ဘူးလား။ ဘယ်ဟာက ပျင်းစရာ ကောင်းတာလဲ"
"...."
လော့ရှိုးက ပြတင်းပေါက် အပြင်ဘက်ရှိ ညအလှကို မော့ကြည့်လိုက်သည်။
သူ့လည်ပင်း၏ ဘေးရှိ ရွှေကြိုးမှာ လှုပ်နေကာ သူက ပြုံးလိုက်သည်။ မျက်မှန်၏ နောက်ကွယ်တွင် နက်မှောင်သော အညိုရောင် မျက်လုံးများသည် တည်ငြိမ်ကာ အေးစက်နေသည်။
"အားလုံးပဲ"
*****
ကုနျန်သည် အိပ်မက်ဆိုးများ မက်နေကာ သူမ၏ အမေ ကုယွမ်ဆီမှ ဖုန်းခေါ်ဆိုမှုကြောင့် လန့်နိုးသွားသည်။
ကုယွမ်သည် ကုနျန် ငယ်ငယ်ကတည်းက ကွာရှင်းခဲ့ခြင်းကြောင့် ကုနျန်သည် ထိုအိမ်ထောင်ဦးစီး၏ မျိုးရိုးနာမည်အား ယူထားခြင်း ဖြစ်သည်။ ထိုအိမ်ထောင်ဦးစီးမှာ ဒီနှစ်တွင် အသက် ၅၁ရှိပြီ ဖြစ်သည်။ သူမ အငြိမ်းစား ယူကတည်းက သူမ စိတ်အပူဆုံး အရာမှာ မာကျောက်အပြင် သူမ၏ တစ်ဦးတည်းသော သမီးလေး၏ စိတ်ကူးယဥ်ဆန်သော အချစ်ရေးနှင့် သူငယ်ချင်းပင် ဖြစ်သည်။
ကုယွမ်သည် မနေ့ညတုန်းက သူမ၏ သူငယ်ချင်းဟောင်းများနှင့် တစ်ညလုံး "ကြီးမားသော တံတိုင်းကြီး" တည်ဆောက်ခဲ့သည်။ သူမသည် ညတစ်ဝက်လောက် အောင်မြင်ပြီး အလွန်စိတ်လှုပ်ရှားနေ သောကြောင့် လင်းနန်ထန်းက သူမအား ပြောပြသည့် တွေ့ဆုံပွဲ ပျက်စီးသွားသည့် မက်ဆေ့ကို တွေ့တာတောင် သူမ သိပ်ဝမ်းမနည်းတော့ပေ။ သူမသည် ကုနျန်အား စိတ်ရှည် လက်ရှည်ဖြင့်သာ အကြံပေးခဲ့သည်။
"နျန်ရေ။ မေမေကလေ သမီးကို ယုံတယ်။ သမီးရဲ့ အဖေက လူဖျင်းတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သမီးကိုယ်သမီး ကောင်းတဲ့ ယောကျာ်းတစ်ယောက် ရှာနိုင်လိမ့်မယ်ဆိုတာ အမေသိတယ်"