14 01
အခန်း (၁၄)
"ဒါဆို သူ တကယ်ချောတယ် ဆိုတာကို နင်က ဘယ်လိုသိတာလဲ"
"ကောင်မလေး ပြောတာကို ငါ ကြားလိုက်တာလေ။ အဲဒါအပြင် Queenရဲ့ ပုံမှန် ညဘုရင်မတွေတောင် ထိတ်လန့် သွားကြတာလေ။ သူ့ကို ထိဖို့ သူတို့က တစ်ယောက်ပြီး တစ်ယောက် သွားနေကြတာလေ"
"တစ်ယောက်ပြီး တစ်ယောက် တက်သွားတာလား"
"ဟုတ်တယ် ပြီးတော့ သူတို့အားလုံးက ကျရှုံးခဲ့တယ်လေ"
ထိုအကြောင်းကို ပြောသောအချိန်တွင် ကျန့်ရှောင်ချင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ မှေးမှိန်သွားသည်။ သူမ၏ ပုခုံးအား တွန့်ကာ သက်ပြင်းချလိုက်သည်။
"သေလောက်တဲ့ ကမ္ဘာကို ဆင်းသက်လာတဲ့ ဗုဒ္ဓနဲ့ တူတယ်လို့ သူတို့ပြောကြတယ်။ ဘားထဲမှာ ရှိတဲ့ အမျိုးသားတစ်ဝက်လောက်ကို ဆွဲဆောင်နိုင်တဲ့ Queenရဲ့ နံပါတ်တစ် ညဘုရင်မဖြစ်တဲ့ လူကတောင် သူ့ဆီကို လာတယ်လို့ ပြောတယ်။ နောက်ဆုံးမှာ သူမရဲ့ ရင်ဘတ်တွေနဲ့ သူ့လက်မောင်းကို ပွတ်ဆွဲနေပေမဲ့ 'မိန်းမတွေကို ငါ စိတ်မဝင်စားဘူး'လို့ ပြောခဲ့တယ်တဲ့။ အဲဒါကို ကြည့်ကြည့် လူတစ်ယောက်သာဆို ပြောနိုင်ပါ့မလား"
ကုနျန် "အမ်း.."
ကျန့်ရှောင်ချင်းက ပြန်လှည့်လိုက်သည်။
"အမ်း... ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ကုနျန်သည် သူမဘက်သို့ လှည့်ကာ အပြစ်ကင်းစွာ ပြုံးပြလိုက်သည်။
"ဖြစ်နိုင်ချေ သုံးခုရှိတယ်။ တစ်.. သူက သူတော်စင် စစ်စစ်၊ နှစ်.. သူက မလုံလောက်ဘူး၊ သုံး... သူ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှု"
ကျန့်ရှောင်ချင်း "...."
ကျန့်ရှောင်ချင်းသည် ဝမ်းနည်းမှုများထဲတွင် နစ်မြှုပ်သွားသည်။ ကုနျန်က ပြုံးပြီး လှည့်ကြည့်လိုက်သည်။ ထို့နောက် လေးထောင့်စားပွဲ၏ မျက်နှာချင်းတွင် ထိုင်နေသော ချင်းယွမ်ယွမ်အား ဖျတ်ကနဲ ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် မျက်မှောင်ကြုတ်ကာ ဖုန်းကို ကြည့်နေသည်။
![](https://img.wattpad.com/cover/367821309-288-k102608.jpg)