Part 65

233 24 0
                                    


အခန်း (၆၅)

လော့ရှိုး၏ နက်နက်နဲနဲ အကြည့်များ သူမပေါ်သို့ မရောက်ခင် သူမ ရှေ့နောက် မစဉ်းစားဘဲ ပြောချလိုက်သော စကား၏ အဓိပ္ပာယ်ကို ကုနျန် သဘောပေါက်သွားသည်။

သူမ၏ လက်ကို မြှောက်ပြီး ပါးစပ်ကို အလိုလို အုပ်လိုက်‌သော်လည်း အလွန် နောက်‌ကျသွားသည်။

လော့ရှိုးသည် အပြုံးရေးရေးလေးနှင့် သူမအား မော့ကြည့်လိုက်သည်။

သူ၏ ဖုံးကွယ်ထားသော အကြည့်များကြောင့် သူမ ကျီးစားခံနေရသော အချိန်တွင် ကုနျန်သည် မနေနိုင်တော့ပဲ မှင်တက်သွားသည်။

သူမ သားလေး၏ သရုပ်ဆောင်မှုတွင် သေချာပေါက် အလားအလာကောင်းရှိသည်။ မာရ်နတ်၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက် သန့်စင်သော လူအလေး၏ ပုံစံရှိသော ယွင်ထန်သည် အေးစက်ပြီး စိမ်းကားနေသော်လည်း ပရော်ပရည် လုပ်ကာ ချစ်စရာကောင်းသော ပုံစံမျိုးကို ထုတ်လွှင့်နေသည်။

"မိန်းကလေးကု စောနက ဘာပြောလိုက်တာလဲ"

"....."

သတိပြန်ဝင်လာကာ ကုနျန်သည် သူမ၏ အခြေ‌အ‌နေကို သတိရသွားသည်။ သူမ၏ မျက်လုံးကို ဖြည်းဖြည်းချင်း ငုံ့ကာ မေးလိုက်သည်။

"စောနက ကျွန်မ တစ်ခုခု ပြောလိုက်‌လို့လား"

"ဟုတ်တယ်လေ ငါကြားလိုက်တယ်"

"ကျွန်မ အရမ်း စိတ်လှုပ်ရှားနေတာကြောင့် မေ့သွားပြီ မေ့သွားပြီ"

လော့ရှိုး ခေါင်းညိတ်လိုက်သော်လည်း သူမကို မလွှတ်ပေးပေ။

"မိန်းကလေးကု မင်းက ငါ့ပေါ်မှာ ထိုင်ပြီး‌တော့ အဲလို လုပ်ချင်တယ်လို့ ပြောတာကို ငါကြားလိုက်တယ်"

ကုနျန် "....."

ချစ်လှစွာသော သားလေးက ရိုးရှင်းလွန်းပြီး တိုက်ရိုက် ဆန်လွန်းတာက လွဲရင် နေရာတိုင်းမှာ ကောင်းပါတယ်။

မာမား လျှာလိပ်သွားတာ သိသာနေတာကို။ အဲဒါကို မင်း မကြားလိုက်သလို ဟန်ဆောင်လို့ မရဘူးလား။

ကုနျန်က ဘေးကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။

"အဟမ်း ဟုတ်တယ် ကျွန်မ မေးချင်တယ်။ ကျွန်မ အဲလိုလုပ်ဖို့ အတွက်ဆိုရင် ဆိုဖာပေါ်မှာ ထိုင်လို့ရမလား"

သားရေ မားမားပံ့ပိုးပေးမယ်။ (SMW)Dove le storie prendono vita. Scoprilo ora