အခန်း (၈၁)
ကုနျန်သည် အကြောင်းရင်းနှင့် သက်ရောက်မှုကို နားလည် သဘောပေါက်ကာ ပြုံးလိုက်သည်။
"မစ္စတာလော့ရှိုးက ကျွန်မကို လိမ်မှာလား"
လော့ရှိုး သတိပြန်ဝင်လာသည်။
သူ၏ နှုတ်ခမ်းထောင်များ အနည်းငယ် တွန့်သွားပြီး သူ၏ မျက်လုံးများက နူးညံ့ကာ အန္တရာယ်ကင်းသလို ခံစားရသည်။
"နိုး..."
ကုနျန်နျင့် တခြားနှစ်ယောက် နေ့လည်စာ စားပြီးသော အချိန်တွင် လူငါးယောက် ခြောက်ယောက်လောက် သူတို့နောက်မှ လိုက်လာကြသည်။ သူတို့သည် အလင်း အဖွဲ့မှ ဖြစ်ပုံပေါ်သည်။ သူတို့၏ နောက်ရှိ စားပွဲဆီသို့ သူတို့၏ ပန်းကန်များကို သယ်လာကာ ထိုင်လိုက်သည်။
စက္ကန့် အနည်းငယ် ကိုက်ပြီးနောက် တစ်ယောက်ယောက်က ပြောလိုက်သည်။
"ကြယ်နဲ့ လတွေကို ငါ စောင့်နေရတာ နောက်ဆုံးတော့ စာရေးဆရာမကျိုး ပြန်ရောက်လာပြီ"
"ဟမ် စာရေးဆရာမ ချောချောေလးက အဖွဲ့ထဲကို ပြန်ရောက်လာပြီလား"
"သူမရဲ့ အရင် ဇာတ်လမ်းအတွက် အဆိုပြုချက်ရဲ့ ဆုကြေး အချို့ကို မရခဲ့ဘူးမလား။ သူမက ဘာလို့ ပြန်လာတာလဲ"
"ဝိုး အဲဒါက ခမ်းနားတဲ့ မန့်ကျစ်ရဲ့ စိတ်ဝိညာဉ်ပဲမလား။ သူမက အဆိုပြုချက်ရဲ့ ဆုကြေးကို စိတ်တောင် မဝင်စားဘူး"
"သူမ အရမ်း နာမည်ကြီးနေတဲ့ အချိန် လုပ်ငန်းထဲက ထွက်သွားတာ အံ့ဩစရာ မရှိပါဘူး။ ကျော်ကြားမှုနှင့် ကံကြမ္မာကို လျစ်လျူရှုတဲ့ သဘောထားက ငါတို့နဲ ကွဲပြားတယ်"
"........"
သူတို့ ကြွားဝါခြင်းများ ကြားတွင် နောက်ဆုံး သဘောထားကွဲလွဲကာ ညည်းညူပြီး ဖြတ်လိုက်သည်။
"ဝင်လာလေ"
"ဘယ်သူက အဲလို ပြောတာလဲ"
"ဘာလဲ နင်က မန့်ကျစ်ရဲ့ ကျော်ကြားမှုကို လက်မခံနိုင်တာလား"
"သူမ အရည်အချင်းနဲ့ သူမ မနာလို မဖြစ်နဲ့"
ထိုလူက သူ့နှုတ်ခမ်းကို တွန့်လိုက်သည်။