အခန်း (၂၉)
ကျိုးယီရွှမ်း၏ ဒေါသသည် ကုနျန်ဆီသို့ မရောက်ခဲ့ပေ။ ယခု ဒါရိုက်တာ၏ မြင်ကွင်းအောက်မှ လွတ်သွားသော အချိန်တွင် ကုနျန်သည် သူမကို ကြည့်ရန်ပင် စိတ်မဝင်စားတော့ပေ။
နတ်ဆိုးမနှင့် ဝေးရာတွင် သူမ၏ သားလေးအတွက် ထိုင်ခုံရှာရန် ကုနျန်သည် သူမ၏ အာရုံ အားလုံးကို စုစည်းလိုက်သည်။
လော့ရှိုးကလည်း အဲဒီအချိန်မှာပဲ လျှောက်လာခဲ့သည်။
သူ့တွင် အရပ်ရှည်ကာ ချောမောသော အသွင်အပြင်ရှိသည်။ သူသည် လုပ်ငန်းထဲတွင် ထိပ်တန်း အမျိုးသား အိုင်ဒေါအဖြစ် လုံးဝ ဆုံးရှုံးခြင်း မရှိပေ။ သူ သွားသော နေရာတိုင်းတွင် အာရုံစိုက် ခံရမည်မှာ မလွဲမသွေပင် ဖြစ်သည်။
အဖွဲ့နှင့် ချိတ်ဆက်ကတည်းက သူ လျှို့ဝှက် ရိုက်ကူးထားသော ဓာတ်ပုံများစွာကို အဖွဲ့ထဲတွင် သိုသိုသိပ်သိပ် ဖြန့်ဝေခဲ့သည်။ သူသည် တစ်ခြား လူများထက် ခြေလှမ်း အနည်းငယ် နောက်ကျခဲ့သော်လည်း သူသည် လူအများ၏ အာရုံကို လျှင်မြန်စွာ ဆွဲဆောင် နိုင်နေဆဲဖြစ်သည်။
သူတို့ကြားထဲတွင် ကျိုးယီရွှမ်းက ပထမဖြစ်သည်။
ကုနျန်ကြောင့် ဖြစ်ရသော စိတ်မချမ်းသာမှုများကို သူမ ခဏ ဖယ်ထားလိုက်သည်။ လော့ရှိုးသည် သူမ ဘေးမှ ဖြတ်သွားသည်ကို မြင်လိုက်ရပြီး ကျိုးယီရွှမ်း၏ မျက်နှာမှာ တောက်ပလာကာ ဘာမှ တွေးမနေတော့ပဲ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"လော့.."
ထိုလူသည် သူ၏ နှုတ်ခမ်းပေါ်တွင် ပေါ့ပေါ့ပါးပါး ပြုံးကာ မှုန်ကုပ်ကုပ်ဖြင့် မော့ကြည့် လိုက်သော်လည်း သူ၏ မျက်လုံးမှာ ရေခဲကဲ့သို့ အေးစက်နေသည်။
ဒါက ဖုံးကွယ်ကာ သတိပေးချက်တစ်ခု ဖြစ်သည်။
ကျိုးယီရွှမ်း၏ အသံသည် အနည်းငယ် တုန်ခါကာ ရပ်တန့်သွားသည်။
တစ်ယောက်တည်း ရှိနေသော အချိန်တွင် သူမ၏ ခံစားချက်ကို ထိန်းချုပ်ထားနိုင်ပေမဲ့ အခြေအနေကို မသိဘဲ သူ၏ လက္ခဏာကို ထုတ်ဖော်မပြရဲသောကြောင့် သူ့ကို ဒေါသထွက်စေသည်။