5 01
အခန်း (၅)
"အို"
ဂျော့သည် အနည်းငယ် အံ့ဩသွားပုံပေါ်ကာ ကုနျန်၏ နောက်သို့ မသိစိတ်က ကြည့်လိုက်မိသည်။
သူ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သတိပြုမိသော အချိန်တွင် သူ၏ မျက်လုံးကာ မှေးကာ အနည်းငယ် မကောင်းမြင်စိတ်ဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ ငါ့ရဲ့သူငယ်ချင်းကို သတိရသွားပြီး နည်းနည်းလေး အာရုံပြောင်းသွားတယ်"
ကုနျန် : "ကိစ္စမရှိပါဘူး ရှင့်ရဲ့ သူငယ်ချင်းကလည်း စာရေးဆရာပဲလား"
"ဟမ်။ သူက မဟုတ်ပါဘူး"
ဂျော့သည် တကယ်ကို ပျော်ပြီး ပြုံးနေပုံပေါ်သည်။
"သူက ဖျော်ဖြေရေး အသိုင်းဝိုင်းထဲကို ဝင်ဖို့ ဖိအားပေး ခံထားရတာ"
"သိပြီ"
ညစာစားရင်း နာရီဝက် ကြာပြီးသည့် နောက်တွင် စားပွဲတွင် ဘလိုင်းဒိတ်၏ အကြောင်းအရာသည် "အန္တရာယ်အခြေအနေ"သို့ ရောက်ရှိလာသည်။
သေချာပါတယ်။ ဂျော့သည် လက်သုတ်ပုဝါဖြင့် သူ့ပါးစပ်အား သုတ်လိုက်ပြီး သေချာပြန်ခေါက်လိုက်ကာ ပထမဦးဆုံး ပြုံးကာ ပြောလိုက်သည်။
"မိန်းကလေးကု ငါ သိရသလောက်တော့ တရုတ်က ဇာတ်ညွှန်းရေးဆရာတွေက အဆင်ပြေတဲ့ ပုံမပေါ်ဘူး"
ကုနျန်သည် နူးညံ့စွာ ပြုံးလိုက်ပြီး
"ရှင်ပြောတာ ဟုတ်ပါတယ်"
ဂျော့ : "ဒါဆို မိန်းကလေးကုရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ဘယ်လောက်ကြာကြာ ဆက်သွားဖို့ ရည်ရွယ်ထားလဲလို့ မေးလို့ရမလား"
"ရှင် စလျှောက်တဲ့ လမ်းကြောင်းမှာ တစ်ကြိမ်တော့ ပထမနေရာကို လိုချင်တာ လူတိုင်းရဲ့ သဘာဝပဲ မဟုတ်ဘူးလား"
"....."
ဂျော့သည် သူ့စကား မှားသွားသည်ဟု ခံစားရကာ အံ့ဩသွားသည်။
သူ မတုန့်ပြန်ခင်မှာပင် မိန်းကလေးဆီမှ သက်ပြင်းချသံ တိုးတိုးလေး ကြားလိုက်ရသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းတုန်းက ကြမ်းတမ်းသော ခံစားချက်ကို ခံစားလိုက်ရသော်လည်း မှားယွင်းသွားသလို သူမ၏ နက်မှောင် နူးညံ့သည့် မျက်ဝန်းများက သိမ်မွေ့ပြီး အပြစ်ကင်းနေပုံရသည်။