အခန်း (၆၉)
"ကောင်းပြီ ကောင်းသော ညနော် ချစ်ဆုံး။ ကျွန်မ ကတိပေးပါတယ်။ ဒီည ကျွန်မရဲ့ အိပ်မက်ထဲမှာ သေချာပေါက် ရှင်ရှိနေမှာပါ"
ကုနျန်သည် နောက်ဆုံး စကားလုံးကို မြန်မြန်ပြောပြီး လင်းနန်ထန်းက မေးခွန်းထုတ်ပြီး မပေါက်ကွဲနိုင်ခင်မှာပင် ဖုန်းချလိုက်သည်။ ထို့နောက် သူမ၏ အိတ်ကပ်ထဲသို့ ဖုန်းကို ပြန်ထည့်လိုက်သည်။
ထိုအရာအားလုံးကို လုပ်ပြီးနောက် ကုနျန်သည် စိတ်သက်သာကာ သက်ပြင်းချလိုက်သည်။ သူမသည် လှည့်လိုက်ကာ စိတ်ပျက်ပြီး အံ့ဩနေသော သူအား ကြည့်လိုက်သည်။
"ဟယ်လို ဆရာ။ ရှင် ဘာလို့ ကျွန်မကို ရှာတာလဲ"
"ဟုတ် အော်... မဟုတ်ဘူး မဟုတ်ဘူး ဘာမှ မဟုတ်ဘူး"
ထိုလူက အားစိုက်ပြုံးကာ ကုနျန်၏ ဖုန်းကို ညွှန်ပြလိုက်သည်။
"မိန်းကလေးကု စောနက ဖုန်းထဲမှာ မင်းရဲ့ကောင်လေးနဲ့ ဖုန်းပြောနေတာလား"
ကုနျန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်"
ထိုလူက ဝမ်းနည်းစွာ ပြုံးလိုက်သည်။
"မိန်းကလေးကုက တစ်ကိုယ်တည်းသမားလို့ ကျွန်တော် ထင်နေတာ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကုနျန်သည် သူမ၏ အမူအရာကို မပြောင်းလဲဘဲ မဟုတ်တမ်းတရားများကို ပြောလိုက်သည်။
"ကျွန်မနဲ့ ကျွန်မရဲ့ကောင်လေးက ကလေးဘဝတည်းက တစ်ယောက်နဲ့ တစ်ယောက် သိလာကြတာ။ သူက နိုင်ငံခြားကို သွားနေပြီး ဒီနှစ်မှ ပြန်ရောက်လာတာ။ မဟုတ်ရင် ကျွန်မတို့ လက်ထပ် ပြီးနေလောက်ပြီ"
"အဲလို ဆိုရင်လဲ ဂုဏ်ပြုပါတယ်နော်"
ထိုလူက ဆင်ခြေရှာကာ လှည့်ထွက်သွားသည်။
ကုနျန်က အလွန် ကြင်နာတတ်သည်။ သူ ထွက်သွားသောဘက်မှာ လမ်းဆုံး ဖြစ်နေသည်ကို သူမက သတိမပေးခဲ့ပေ။ တကယ်တော့ သူတို့ တစ်လမ်းထဲက ထွက်သွားလျှင် တကယ်ကို အဆင်မပြေ ဖြစ်လိမ့်မည်။