အခန်း (၅၃)
လော့ရှိုးထံမှ အထင်အမြင်ကို ရရှိပြီးနောက် ကုနျန်သည် သူမ၏ ခေါင်းကို စောင်းကာ သူမ ကလေး၏ မော်ဒန်စတိုင်ကို ချောင်းကြည့်လိုက်သည်။ သူမ စိတ်ထိခိုက်သွားသည်။ ဆန်းကျယ်ကြာပန်း သွေးစက်၏ လက္ခဏာများကို ဖယ်ရှားပြီးနောက် သူမသည် သားလေးပေါ်တွင် ဘာအေးစက်သိမ်မွေ့မှု တစ်ခုမှ မတွေ့ရပေ။
အရင်က သူမ တကယ်ပဲ ထင်ယောင်ထင်မှား ဖြစ်ခဲ့တာလား။ အဲဒါက အခု မိတ်ကပ်ကြောင့်ပဲလား။ သူ့မျက်လုံး အတိမ်အနက်ကနေ သရုပ်ဆောင် အပိုဆု လုံးဝ မရှိဘူးလား။
သူမ၏ မျက်လုံးများသည် လှည့်ထွက်တော့မည့် လော့ရှိုး၏ ဖမ်းစားခြင်းကို ခံလိုက်ရသော အချိန်တွင် ကုနျန်၏ အတွေးများ ပျောက်ဆုံးသွားသည်။ လော့ရှိုးနှင့် ကန်းဟုန်ယွီသည် မော်နီတာ၏ ဘေးတွင် ဘေးချင်းကပ် ရပ်နေကြသည်။ ကန်ဟုန်ယွီသည် အခုလေးတင် ရိုက်ကူးပြီးသည် များကို ပြန်လည် ဖွင့်ပြနေသော နေရာသို့ ညွှန်ပြနေသည်။ လော့ရှိုး မည့်သို့ သရုပ်ဆောင်ရမည်ကို သင်ကြားပေးနေသည်မှာ သိသာသည်။
အကြည့်ချင်း ဖလှယ်ပြီးနောက် လော့ရှိုးသည် ခေါင်းညိတ်ကာ နောက်သို့ လှည့်လိုက်သည်။
ကုနျန်သည် တုံ့ဆိုင်းသွားကာ လက်ထောက် ဒါရိုက်တာလင်းအား မေးလိုက်သည်။
"အဲဒါက ယွင်ထန်ရဲ့ ခေတ်ဆန်တဲ့ စတိုင်လား"
"ဟုတ်တယ် အရင်ဘဝက အဲဒီနေရာကို သူဖြတ်ပြီးသွားပြီ။ ဒီည ခေတ်သစ် ကမ္ဘာမှာ တစ်ကိုယ်တော် ဇာတ်ကွက် အနည်းငယ် ပြီးသွားတဲ့နောက် မနက်ဖြန်ကျရင် ကျန်တဲ့ ဇာတ်ကွက်တွေကို ငါတို့ စရိုက်လို့ရပြီ"
လက်ထောက် ဒါရိုက်တာလင်း ပြောပြီးသည့် နောက်တွင် မီတာ အနည်းငယ် ဝေးနေသော လော့ရှိုးပေါ်သို့ သူ၏ မျက်လုံးများ ရောက်သွားသည်။
ထိုအချိန်တွင် လော့ရှိုးက ဝတ်စုံနှင့် လယ်သာ ဖိနပ်ကို ဝတ်ထားသည်။ သူသည် မူလ ရွှေရောင် အနားကွပ်နှင့် မျက်မှန်ကို တပ်ထားသည်။ သူ၏ လည်စည်းနှင့် ရှပ်အင်္ကျီ တွင် ကြယ်သီးများကို စေ့စေ့စပ်စပ် တပ်ထားသည်။ သူသည် အနည်းငယ် စိမ်းကားပြီး အေးစက်ကာ ရှောင်နေသည်။