16 01
အခန်း (၁၆)
"ဒါဆို သူက နင့်ရဲ့အဖိုးတန် သားလေးလား။ အံ့ဩစရာတော့ မရှိပါဘူး လက်ထောက်ဒါရိုက်တာ ပြောကတည်းက လော့ရှိုးဆိုတဲ့ နာမည်ကို ရင်းနှီးနေတယ်လို့ ငါ တွေးနေတာ"
ဒါရိုက်တာ အဖွဲ့၏ ယာယီ အစည်းအဝေးခန်း အပြင်ဘက် စင်္ကြံတွင် သူတို့ သုံးယောက် ရပ်နေသော အချိန်တွင် သဘောပေါက်စွာ ပြောလိုက်သည်။
ချင်းယွမ်ယွမ်လည်းပဲ ခေါင်းညိတ်လိုက်သည်။
"နင့်ရဲ့စိတ် ရုတ်တရက်ကြီး ပြောင်းလဲ သွားတာလဲ မအံ့ဩတော့ပါဘူး"
ကုနျန်၏ မျက်လုံးများမှာ တောက်ပနေပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာလည်း ထိန်းထိန်းသိမ်းသိမ်းနှင့် ပင့်တက်လာသည်။
"သရုပ်ဆောင် အသစ်နဲ့ ပတ်သက်ပြီး နင်တို့ စိတ်ပူစရာ မလိုပါဘူး။ ငါကောင်းကောင်း လုပ်နိုင်ပါတယ်"
"မဟုတ်ဘူး။ ငါလဲ နင်နဲ့ ရေးချင်တယ်"
ကျန့်ရှောင်ချင်းသည် ကုနျန်၏ လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။
ချင်းယွမ်ယွမ်က ပြောလိုက်သည်။
"Demon ရဲ့ ပြီးခဲ့တဲ့ ဇာတ်လမ်းတုန်းက နင်က အဓိက အင်အား ဖြစ်ခဲ့တယ်။ ဒီတစ်ခါ ငါတို့ နင့်ကို ကူညီပေးသင့်တယ်"
ကုနျန်သည် တစ်ခဏ စဉ်းစားသည်။ "ကောင်းပြီလေ"
သူတို့ သုံးယောက်လုံး ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ကုနျန်က ဦးဆောင်ကာ အပြင်ဖက်ရှိ လက်ထောက် ဒါရိုက်တာကို ပြောလိုက်သည်။
လက်ထောက် ဒါရိုက်တာသည် သူမအား ထူးထူးခြားခြား ကြည့်လိုက်သည်။
"မင်းတို့ ဒီတစ်ခါ မပြောင်းတော့ဘူးလား"
"မပြောင်းတော့ဘူး"
"မင်းက ဒီဇာတ်လမ်းကို အပြီးသတ်ချင်တာ သေချာလား"
"သေချာတယ်"
လက်ထောက် ဒါရိုက်တာက ပြုံးကာ သူ၏ ခေါင်းအား ခါလိုက်သည်။
"အော် အခုခေတ် လူငယ်တွေ။ ရုပ်ရည်ချောမောတာက တကယ်ကို အသုံးဝင်တာလား"
![](https://img.wattpad.com/cover/367821309-288-k102608.jpg)