အခန်း (၃၅)
ထလကာ ကုနျန်ကို သူမ၏ ပခုံးနှင့် တိုက်လိုက်သည်။
"လော့ရှိုးက နင့်ကို မြင်မြင်ချင်း ချစ်သွားလို့ကော မဖြစ်နိုင်ဘူးလား"
ကုနျန် "...."
မိန်းကလေး၏ အမူအရာမှာ တစ်စက္ကန့်လောက် ပြင်းထန်သော အခြေအနေသို့ အေးခဲသွားသည်။
"အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့"
"ဒါဆို နင်ဘယ်လို ထင်လဲ"
"ဘာကြောင့် ဖြစ်နိုင်လဲဆိုတော့"
"ဘာလဲ"
"အမေနဲ့သား အလုပ်အတူတူ လုပ်တဲ့ အချိန်မှာ သူတို့ရဲ့ ထက်မြတ်မှုတွေက ရွှေကိုတောင် ဖြတ်နိုင်တယ်"
ကျန်းရှောင်ချင်း "......"
ကျန်းရှောင်ချင်းသည် မကူညီနိုင်ပေမဲ့ သူမ၏ ခေါင်းကို လှည့်ကာ ရယ်ချင်စိတ်ကို ထိန်းထားသော ချင်းယွမ်ယွမ်အား တိုးတိုးလေး ပြောလိုက်သည်။
"လော့ရှိုးက ငါတို့ရဲ့ ကုနျန်ကို တကယ် ချစ်သွားတာ ဆိုရင်တော့ ကံဆိုးတာပဲ"
ချင်းယွမ်ယွမ် "ဟမ်"
ကျန်းရှောင်ချင်း ပြောလိုက်သည်။
"မင်း ရည်းစား စကား ပြောချင်နေတဲ့ မိန်းမ တစ်ယောက်က သားတစ်ယောက်လို ချစ်နေတာထက် ပိုဆိုးတာ ရှိနိုင်ဦးမလား"
ချင်းယွမ်ယွမ်သည် နောက်ဆုံးတွင် မရယ်နိုင်တော့ပေ။
"မဟုတ်ဘူး"
သူတို့နှစ်ယောက် တိုးတိုးလေး ပြောနေချိန်တွင် ကုနျန်သည် ကြောင်တောင်တောင်နှင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။
သူမ ပြင်ဆင်ထားသော ဝှက်ဖဲကို အသုံးမပြုဘဲ ဒီကိစ္စကို သူမ ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ပြည့်စုံသော ဖြေရှင်းချက် မဟုတ်သော်လည်း သူမ၏ အထောက်အထားကို မဖော်ပြပဲ ထိုအိပ်မက်ဆိုးထဲသို့လဲ ဆွဲမချခဲ့ပေ။
ထိုအရာက တကယ်ကို ကောင်းသည်။
ထို့အပြင် အိပ်မက်ဆိုးထဲက သူမကို ဆွဲထုတ်ခဲ့သော သူဖြစ်သည်။
![](https://img.wattpad.com/cover/367821309-288-k102608.jpg)