အပိုင်း ၂ - အိမ်
ဝူချင်းယွမ် သည် အရင်ဘဝကတည်းက ဤကိစ္စကို ကြုံတွေ့ဖူးပြီးသားဖြစ်သောကြောင့် သူ့အဒေါ်မိသားစု၏ စိတ်ထဲတွင် မည့်သည့် အရာများရှိနေသည် ကို ကောင်းစွာသိရှိထားပြီးဖြစ်သည်။
သူ့ မိဘများသေဆုံးပြီးကတည်းက ထိုသူများသည် သူ့အိမ်ကို မျက်စိကျလာခဲ့ကြသည်။ ထိုအချိန်က သူသာ အရွယ်ရောက်ပြီးသော လူငယ်တစ်ယောက် မဟုတ်ဘဲ ကြံ့ခိုင်သည့် ပင်ကိုယ် အရည်အသွေးကိုသာ ပိုင်ဆိုင်မထားခဲ့လျှင် ထိုသူများသည် သူတို့၏ အစစ်အမှန် ပုံစံကို ဖော်ပြ၍ အိမ်အား တိုက်ရိုက် ယူဆောင်သွားပေလိမ့်မည်။
အဆုံး၌ သူ့အတွက် ဤအိမ်သည် သူ၏ မိဘများ ချန်ရစ်ခဲ့သော အမွေအနှစ် တစ်ခုဆိုသည်မှ လွဲ၍ များစွာအဖိုးမတန်လှပေ။ အရင်က သူလုပ်ခဲ့သည့် အရာမှာ ထိုအိမ်ကို သူတို့ သွေးသားရင်းချာများ၏ အမည်အောက်သို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာမျှ ပြန်လည်မရရှိခဲ့ပေ။ ထိုအိမ်သည် သန်းရာပေါင်းများစွာ တန်ဖိုးမရှိသော်လည်း သန်းအနည်းငယ်မျှ ထိုက်တန်နေပေသေးသည်။
သို့သော် သူ့အန်တီမိသားစု ကဲ့သို့သော သာမန်အလုပ်သမား လူတန်းစား အတွက်မူ မြို့လယ်ခေါင်ရှိ အိမ်တစ်လုံးသည် သေချာပေါက်ကို ကြီးမားလှသော ဆွဲဆောင်မှု တစ်ခုဖြစ်ပြီး သူ့ကဲ့သို့သော အရေးမပါသည့် တူတစ်ယောက်အပေါ်ကိုပင် ဂရုစိုက်ပေးလာအောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။
အရင်ဘဝက သူသည် တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံး၌ လက်လျှော့၍ အိမ်ကို လွှဲပြောင်း ပေးခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ ထိုမျက်လုံးဖြူဝံပုလွေများသည် သူ့အိမ်ကို ရရှိရန် ထို့မျှ လွယ်ကူတော့မည် မဟုတ်ပေ။
"အန်တီ ... ကျွန်တော် ဒီအိမ်ကို အန်တီ့ဆီ စျေးချိုချိုနဲ့ ရောင်းပေးလို့ရတယ်... အခုဆို စျေးကွက်ပေါက်စျေးက ယွမ် ၁.၃ သန်းရှိနေပြီ...ဆွေမျိုးပဲဆိုတော့ ကျွန်တော့ကို ယွမ် ၁ သန်းပဲ ပေးပေါ့... ဒါပေမဲ့ ပိုက်ဆံကိုတော့ ချက်ချင်းပေးရမယ်နော်... ပြီးတော့ ငွေအပြည့်ချေမှ ဖြစ်မယ်...အဲ့လိုမှ မဟုတ်ရင် ကျွန်တော် ဒီအိမ်ကို ရောင်းမပေးနိုင်ဘူး..."
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...