အပိုင်း၁၇ - အောင်မြင်စွာအသိအမှတ်ပြုခြင်း
ထင်ရှားသည့် သက်သေဖြစ်သော ဆန်းကျယ်လှသည့်ဓာတ်ပုံများကို ပြသပြီးနောက် ချင်းယွမ်၏ စကားများအရ လင်းအားမိုနှင့်အခြားသောအဒေါ်ကြီးများသည် အိမ်ထဲသို့ ဝင်၍ ကျိုးကောအာ၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးရာပါ အမှတ်အသားကို အတည်ပြုလိုက်ကြသည်။ မည်သူကမှ သံသယ မဝင်ကြဝောာ့ပေ။
အဖွားကျိုးကဆက်လက်၍ ငြင်းဆိုချင်နေလျှင်ပင် မွေးရာပါ အမှတ်ကို အတည်ပြုပြီးသားဖြစ်သည်။
ထို့ကြောင့် သူမ၏ ငွေလက်မှတ်သည် ထွက်ပြေးသွားပြီ ဖြစ်ကြောင်း လက်ခံရပေတော့မည်။ နောက်ဆုံး၌ ချင်းယွမ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လူတိုင်းသည် သံသယဝင်ခြင်း မရှိဘဲ ဓာတ်ပုံအကြောင်းကိုဆွေးနွေးရင်း ပျော်ရွှင်နေကြသောကြောင့် ချင်းယွမ်သည် စိတ်သက်သာရာရသော သက်ပြင်း တစ်ချက်ကို ထုတ်လိုက်မိသည်။ ထို့နောက် ချက်ချင်းဆိုသလို သံပူတုံး ထုနှက်လိုက်ပြီး ရွာခေါင်းဆောင်အား သူတို့၏ အခြေချ နေထိုင်မှုကိုကိုင်တွယ်ပေးရန်မေးမြန်းလိုက်သည်။
'' ကောင်းပြီလေ....ငါတတ်နိုင်သမျှအမြန်ဆုံးကိုင်တွယ်ပေးမယ်.... ကျိုးကောအာ ရဲ့နာမည်ကိုမင်းရဲ့မျိုးရိုးထဲ ပြောင်းထည့်ပြီးရင် မင်းတို့အခြေချဖို့အတွက် ကူညီပေးမယ် "
ရွာခေါင်းဆောင်သည် အလွန်ပင်အကျိုးအကြောင်း ဆီလျော်လှသည်။ ချင်းယွမ်က ဘာမှမပြောလျှင်ပင် သူ့အနေဖြင့်ထိုကိစ္စကို ဦိးစွာဆောင်ရွက်ပေးမည်ဖြစ်သည်။
ကျိုးကောအာ၏ နာမည်ကို ကျိုးမိသားစုမှ ထုတ်လိုက်သည်နှင့်အဖွားကျိုးသည် ကျိုးကောအာ၏ လက်ထပ်ပွဲနှင့် ပတ်သတ်ပြီးဘာမှ ပြောနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ ဤသို့ကောင်းမွန်လှသော ကောတစ်ယောက်အား အဖိုးကြီးတစ်ယောက်ထံ ကျွန်အဖြစ်ရောင်းချခြင်းကို ကြည့်ပြီး အသိဉာဏ်ရှိသော မည်သူကမှ ထိုကိစ္စကို လက်ခံနိုင်မည်မဟုတ်ပေ။
ရွာခေါင်းဆောင်သည် ချင်းယွမ်ကိုကြည့်လေလေ ပို၍ သဘောကျလေလေဖြစ်သည်။ ချင်းယွမ်သည်သာမန် လူတစ်ယောက် မဟုတ်ကြောင်း သူအမြဲတစေ ခံစားခဲ့ရသည်။ သူက ယဉ်ကျေးသိမ်မွေ့ပြီး ကျိုးကောအာ၏ အကိုတစ်ယောက်ဖြစ်ရန်ထိုက်တန်ပေသည်။ သူသည် ရက်စက်ယုတ်မာ၍ ရိုင်းစိုင်းသော အဖွားကျိုးထက် ပိုမိုကောင်းမွန်ပေ လိမ့်မည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...