အပိုင်း ၃၀ - သင်ခန်းစာပေးခြင်း
ချင်းယွမ်သည် ပုံမှန်အားဖြင့် လုပ်လေ့လုပ်ထ မရှိသော်လည်း သူသည် ရန်သူအား ပြင်းထန်သည့် ရိုက်ချက်တစ်ခုကို ပေးမည်ဖြစ်သည်။
ကမ္ဘာပျက်ကပ်ဆီမှ လာသော လူတစ်ယောက်အနေဖြင့် သတ်ဖြတ်ခြင်းနှင့် နေသားကျနေပြီ ဖြစ်သည်။ သို့သော် ဤကဲ့သို့ ရိုးရှင်း၍ ကြမ်းတမ်းသော နည်းလမ်းသည် ဤနေရာနှင့် သိသိသာသာ ပင် သင့်တော်ခြင်းမရှိပေ။ ထို့ကြောင့် သူသည် သွယ်ဝိုက်သော နည်းလမ်းဖြစ်သော သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဟူသည့် နည်းလမ်းကိုသာ ပြောင်းလဲ နိုင်ပေသည်။ လင်းမိသားစု၏ ဂုဏ်သတင်း အတွက် ကျောက်မိသားစု၏ ဂုဏ်သတင်း နှင့် လဲလှယ်ရပေမည်။
ချင်းယွမ်သည် နေမထွက်ခင် အိမ်မှ ထွက်လာသောကြောင့် မိုးစင်စင် မလင်းမှီ မြို့ထဲသို့ ရောက်ရှိသွားလေသည်။
ချင်းယွမ်သည် မြို့ထဲသို့ ရောက်ရှိသွားသည်နှင့် ချွေ့ဟွားလော် ဆီသို့ တိုက်ရိုက် သွားလိုက်လေသည်။ ထိုထဲရှိ ဉာဏ်ကောင်းသည့် ကောင်လေး တစ်ယောက် ကိုရှာ၍ ငွေပေးလိုက်လေသည်။ ထို့နောက် သူ့၏ အစီအစဥ်ကို ဂရုတစိုက် ရှင်းပြလိုက်ကာ ပြန်ထွက်လာခဲ့၏။
ထို့နောက် သူသည် ချင်အိမ်တော် ဆီသို့ ထပ်သွားလိုက်သည်။ အနောက်တံခါးရှိ အစောင့်ကို လာဘ်ထိုး၍ အကြောင်းအရာ တစ်ခုပါသော စာရွက်ငယ်အား စွန်းပေါင်ကျူး ဆီသို့ ပေးရန် စေခိုင်းလိုက်သည်။ ထိုအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ချင်းယွမ်သည် အသားကင် နှစ်ကတ်တီနှင့် ဝိုင် အရက်အိုး အနည်းငယ်ကို ဝယ်ယူကာ အစိုးရ ရုံးဆီသို့ ဦးတည်လိုက်လေသည်။
သူသည် အစိုးရ ရုံးဆီသို့ အမှုတိုင်ကြားရန် သွားရောက်ခြင်း မဟုတ်ပေ။ ဤနေရာ၌ စွပ်စွဲမှုကို အရေးယူရန် ဥပဒေ မရှိပေ။ ထိုကဲ့သို့ အသေးအမွှား ကိစ္စမျိုးကို အစိုးရ ရုံးက အာရုံစိုက်မည် မဟုတ်ပေ။ သို့သော် သူ့အနေဖြင့် အစိုးရ အရာရှိများ၏ အမည်အောက်၌ လုပ်ဆောင်၍ရသော အရာများစွာ ရှိပေသည်။
ဤတစ်ခေါက်တွင် ရွာထဲရှိ ကောလဟာလနှင့် ပတ်သတ်၍ ကျောက်မိသားစုအား သင်ကြားပြသ ပေးသည် ဖြစ်စေ ရွာသားများအား ခွန်းတုံ့ပြန်သည် ဖြစ်စေ ဤကိစ္စပြီးဆုံးသွားလျှင် အားမို၏ ဖြူစင်မှုအပေါ် သက်ရောက်သွားပေလိမ့်မည်။ ဤကိစ္စအား လုံးလုံးလျားလျား ဆေးကြောပစ်ချင်သည် ဆိုလျှင် အခြားနည်းလမ်းများကို စဥ်းစားရပေလိမ့်မည်။ ဤနည်းလမ်းမှာကား အခြားသူများ၏ အင်အား ကို ငှားရမ်းခြင်းပင် ဖြစ်သည်။ ဥပမာ ရမန် ရဲမက်များ၏ လက်ကို ငှားရမ်းခြင်းပင် ဖြစ်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...